Articles
အိမ်ထောင်ရေးတည်မြဲဖို့အတွက် မိန်းမတွေမှာပဲ တာဝန်ရှိတာလား?
အိမ်ထောင်ရေးတည်မြဲဖို့အတွက် မိန်းမတွေမှာပဲ တာဝန်ရှိတာလား ကျွန်မတို့မိသားစုက ၅ ယောက်။ မေမေ၊ မေမေ့ညီမအငယ် (ကျွန်မအဒေါ်)၊ သမီးလေး နဲ့ ကျွန်မတို့ လင်မယား။ အိမ်စရိတ်အတွက်ရော၊ သမီးလေးအတွက်ပါ ကျွန်မတို့ နှစ်ယောက်လုံး အလုပ်လုပ်ကြတယ်။ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ ရာထူးနဲ့လစာကလည်းမတိမ်းမယိမ်းပါပဲ။ အဓိက ကျွန်မပြောချင်တာ ဒီဝင်ငွေနဲ့ လစာတွေကို မဟုတ်ပါဘူး၊ နှစ်ယောက်လုံး အလုပ်လုပ်ကြတယ်ဆိုတာပါ။ခေတ်အခြေအနေကို သိတယ်မဟုတ်လား နှစ်ယောက်လုံး အလုပ်လုပ်မှ အဆင်ပြေတာကိုး။ နှစ်ယောက်အတူတူအလုပ်လုပ်ကြတယ်ဆိုပေမယ့်ကျွန်မက တစ်ခါမှ မျက်နှာသာ မရဖူးဘူး။ အလုပ်ကပြန်လာပြီဆို ပင်ပန်းရတာချင်းအတူတူ အမျိုးသားကတော့ သက်သောင့်သက်သာ နားလို့ရတယ်၊ အပြင်သွားမယ်ဆိုလည်း သွားခွင့်ရှိတယ်။ ကျွန်မကတော့ ပင်ပန်းတယ်လို့ပြောလည်း အိမ်အလုပ်မလုပ်ချင်လို့ အမေကမြင်တယ်၊ အပြင်သွားမယ်ဆိုလည်း ကလေးမထိန်းချင်လို့ပါလို့ ပြသနာတက်ရပြန်တယ်။ မိန်းမဆိုတာ အိမ်မှုကိစ္စလုပ်ရမှာပဲ၊ ကလေးထိန်းရမှာပဲတဲ့ ဟုတ်ပါတယ် မထိန်းချင်ဘူးလို့မှ မပြောဘဲ ဒါပေမဲ့ မိန်းမမို့လို့ အပင်ပန်းလည်းခံရမယ်၊ စိတ်အပန်းဖြေစရာမလိုဘူးဆိုတာကတော့ နည်းနည်းမတရားဘူးလားလို့လေ။ အမေက ကျွန်မကို အကောင်းဆုံး စံပြဖြစ်စေချင်တာနားလည်ပါတယ်။ အမေတုန်းကလည်း ဒီလိုပဲနားတယ်မရှိဘူး ဒါမှ အိမ်ထောင်ရေးကအဆင်ပြေမှာလို့ မကြာခဏ ပြောဆိုဆုံးမတတ်ပါတယ်။ ဒါပေမဲ့ အမေရယ် မိန်းမဆိုတာကလည်းလူပဲမဟုတ်ဘူးလား ပင်ပန်းရင်ခဏနားချင်တယ်၊ သူငယ်ချင်းအပေါင်းအသင်းနဲ့လည်း တွေ့ချင်သေးတယ်၊ အိမ်ထောင်သည်ဖြစ်တာနဲ့ပဲ အလုပ်လည်းလုပ်၊ အိမ်မှာပဲ ကုတ်ပြီးနေဆိုတာက မဟုတ်သေးဘူးလို့ထင်တယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းလည်း ကန်သင်းဆိုပေမယ့် အိမ်ထောင်တစ်ခုတည်မြဲဖို့အတွက် မိန်းမတွေမှာပဲ တာဝန်ရှိနေတာလားဆိုတာကိုလည်း သေချာပေါက် ပြန်မေးခွန်းထုတ်ချင်သေးတယ်။ တစ်နေ့တော့ အမေ ကျွန်မကို နားလည်နိုင်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။
သမီးကိုဆုံးမနေတဲ့အချိန် ကြားဖြတ်ပြီးတော့ ကာမပေးပါနဲ့
သမီးကိုဆုံးမနေတဲ့အချိန် ကြားဖြတ်ပြီးတော့ ကာမပေးပါနဲ့* “ ကလေးပဲကွယ် ဘာသိမှာလဲ လာလာ ဖွားဖွားကြီးဆီလာ” “ သမီး ကိုယ့်လွယ်အိတ် ကိုယ်သိမ်းရမယ်လေ” “ ဟဲ့ သြော် ငါ့ တူမလေးက မောလာတာလေ ထားခဲ့ ကြီးကြီးသိမ်းလိုက်မယ်” “ သူငယ်ချင်းကို စိတ်ပုပ်တာ မေမေမကြိုက်ဘူးနော် သမီး။ အရုပ်အတူတူဆော့တော့ ဘာဖြစ်မှာမို့လို့လဲ” “ ငါ့မြေးမဆော့ချင်ရင် မဆော့စေနဲ့ပေါ့ တကယ်ပဲ အမေဖြစ်ပြီး ကလေးကိုမာန်နေလိုက်တာ” ဒါတွေဟာ ကျွန်မနဲ့သမီးကြား အမြဲကြားနေရတဲ့စကားတွေပါ။ ကျွန်မက သမီးလေးကို ဆူမယ်လုပ်တိုင်း ကြားရတဲ့ စကားတွေပေါ့။ သမီးကို လက်ပါဖို့မပြောနဲ့ စကားစလိုက်တာနဲ့ကို ဟန့်တားနေကြတော့ သမီးက ကျွန်မစကားဆိုအရေးမလုပ်တော့ဘူး။ တစ်ခုခုဆို သူ့ကို ကာကွယ်မယ့်လူတွေ ရှိနေတယ်ဆိုတဲ့အသိက ကျွန်မနဲ့သမီးကြားမှာ တံတိုင်းတစ်ခုဖြစ်လာတယ်။ ကျွန်မဆုံးမစကားဟာ သမီးကို အလိုလိုက်တဲ့ လူကြီးတွေရဲ့ ဟန့်တားသံကြားမှာ ပျောက်ဆုံးကုန်တယ်။ သူ့စိတ်ကြိုက်ဖြည့်ဆည်းပေးနေတဲ့ ဒီလူတွေနဲ့ယှဉ်ရင် သမီးအမြင်မှာ ကျွန်မဟာ လူဆိုးဖြစ်လာတယ်။ မေမေက သမီးကို မချစ်ဘူးဆိုတဲ့ စွပ်စွဲစကားတွေပါ ပါလာတဲ့အထိ။ ကျွန်မ လူကြီးမိဘတွေနဲ့ အခြေအတင် ဆွေးနွေးရပါတော့တယ်။ ကြာလာတာနဲ့အမျှ ကျွန်မနဲ့သမီးကြား အထင်လွဲတာတွေ ပိုဖြစ်လာမယ်။ အခုလို အချိန်ကတည်းက အမြင်စောင်းနေခဲ့ရင် ဆယ်ကျော်သက်ရောက်မှာ ကျွန်မ ဘယ်လို ထိန်းနိုင်မှာလဲ။ လူကြီးတွေကို နားဝင်အောင် ရှင်းပြရပါတယ်။ တကယ်လို့ ကျွန်မက ပြင်းထန်မိတယ်ဆိုရင်တောင် သတိပေးချင်ရင် သမီးကိုဆူနေတဲ့အချိန်မှာတော့ ဖြတ်မပြောဖို့၊ သူ့ကို မကာဆီးပေးဖို့၊ သူ့အပြစ်တွေကို မဖုံးကွယ်ပေးဖို့ပေါ့။ သမီးနောက်ကွယ်ကျမှ ဒီလိုပြောတာကတော့ လွန်တယ်...
လစာမရဘဲ အလုပ်များဆုံးလုပ်ရတဲ့ အမေ 🙁
အပျိုဘဝတုန်းကလို အလှမပြင်ရတော့ဘူးလား၊ ????
အမေနဲ့ ကျွန်မကြားက တိုက်ပွဲ