လစာမရဘဲ အလုပ်များဆုံးလုပ်ရတဲ့ အမေ
ဈေးထဲသွားရင် ဒီငါးလေးက ယောကျာ်းက ကြိုက်တယ်၊ သမီးလေးကတော့ ပုစွန်ထုပ် … အဲဒီလိုနဲ့ အမေက သူကြိုက်တတ်တဲ့ အစားအသောက်တွေကို မေ့လာခဲ့ပါတယ်။ တစ်ခုခုဝယ်တော့မယ်ဆို ဒါလေးကတော့ သားနဲ့လိုက်မယ်၊ ဒါလေးကတော့ လှတာလေးမို့ သမီးကို ဆင်ရမယ်နဲ့ အမေက သူ့အတွက်သူတော့ ခပ်ပေါပေါတွေပဲ ဆင်ယင်တတ်ပါတယ်။
အမေနေမကောင်းဖြစ်တဲ့အခါ အိမ်မှာရှိတဲ့ဆေးနဲ့၊ အိမ်မှာရှိတာပဲ စားပေမယ့် မိသားစုတစ်ယောက်ယောက် နှာကလေးချေတာကအစ၊ အသံဝင်တာအဆုံး အမေက ဆေးခန်းဘက်ကို မျက်နှာမူပြီးသား၊ အရသာရှိတာလေးတွေလုပ်ကျွေးဖို့ အဆင်သင့်ပြင်ပြီးသား။ အဝတ်ဆိုလည်း ကိုယ်တိုင်လျှော်မှ ပြောင်တယ်ထင်တယ်၊ အလုပ်ကိုလည်း ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်။ အမေဟာ သူအမြဲသန်မာနေမယ်၊ ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်နေပုံပါပဲ။
အမေက တဖြည်းဖြည်းနဲ့ ငယ်ငယ်က အလှတွေ ပျောက်ကွယ်လာတယ်။ အမေ့ဝတ်ဆင်ခဲ့ဖူးတဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သုံးခဲ့ဖူးတယ်ဆိုတာတောင် ယုံရခက်လောက်အောင်ပဲ အမေပုံစံဟာ ပြောင်းလဲသွားပါတော့တယ်။ အမေဟာ သူ့အတွက် ဖောဖောသီသီဝယ်တဲ့အချိန်ဟာ ဈေးချနေတဲ့အချိန်ပါပဲ၊ ရွေးစရာမကျန်တော့တဲ့အခါမှသာ အမေက မဖြစ်မနေ ဖြည့်ဆည်းတတ်တယ်။ ကျန်တာအားလုံး ခင်ပွန်းအတွက်၊ သားအတွက်၊ သမီးအတွက်နဲ့ အမေက ဖြစ်သလိုပဲ နေတတ်လာတော့ ရှိရင်းစွဲထက် ပိုရင့်ရော်နေတတ်တယ်။
အမေဟာ အလုပ်အများဆုံး အလုပ်လက်မဲ့ဖြစ်ပါတယ်၊ အမေဟာ အစားအသောက်တွေကို မြည်းစမ်းရုံပဲမြည်းစမ်းပြီး သူများတွေစားကောင်းတာကို ငေးကြည့်ရတာပျော်တဲ့ အတော်ဆုံး စာဖိုမှုးတစ်ယောက်ဖြစ်ပါတယ်၊ အမေဟာ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ခံစားရတာတွေတိုင်းကို သိနိုင်တဲ့ အကောင်းဆုံး အိမ်တွင်းဆရာဝန်တစ်ယောက်ဖြစ်ပါတယ်၊ အမေဟာ သူချစ်တဲ့သူတွေအတွက် အရှေ့ကနေ မတ်မတ်ရပ်တတ်တဲ့ အကျွမ်းကျင်ဆုံး ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ အမေဟာလေ သူ့အတွက်သူ မချစ်နိုင်တော့တဲ့၊ ဒီတစ်ကမ္ဘာလုံးမှာ လစာမရဘဲ အလုပ်အများဆုံးလုပ်ရပေမယ့် ဘယ်တော့မှ မညည်းညူတတ်တဲ့ အပြုံးပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
အမေဟာ မိသားစုကို ချစ်ဖို့ ဘယ်တုန်းကမှမမေ့ပေမယ့် သူ့ကိုယ်သူချစ်ဖို့ကိုတော့ အမြဲတစေ မေ့နေလေ့ရှိပါတယ်။