သူတို့လေးတွေ အမှန်မြင်နိုင်ဖို့ ကျွန်မတို့မှာတာဝန်ရှိပါတယ်
ကလေးတွေက အတုမြင်ပြီး အတတ်သင်ပါတယ်။ အထူးသဖြင့် သူတိုက တွေ့သမျှ အရာအားလုံးကို ထပ်တူလိုက်လုပ်နေတဲ့အချိန်မှာ သူတိုရှေ့မှာ ကောင်းတဲ့အမူအကျင့်လေးတွေ လုပ်စေချင်တယ်။ သူတိုကို သင်ပြပေးတဲ့အခါ သူတိုစိတ်ထဲ တစ်သက်လုံးမှတ်သွားနိုင်တဲ့အရာတွေကို ကောင်းတဲ့အရာလေးတွေပဲ ထည့်ပေးစေချင်ပါတယ်။
ကျွန်မတို ငယ်ငယ်ကဆို အမှားတွေအများကြီး သင်ယူခဲ့ရတယ်။ အဲဒါကလည်း တမင်မဟုတ်ဘဲ စနောက်ပြီးတော့ ကျီစယ်တဲ့သဘောနဲ့ လူကြီးတွေက ပြောခဲ့တာပေါ့။ တစ်ခါတလေလည်း ခြောက်တဲ့အနေနဲ့ ကြောက်အောင် ပြောကြတာ။ ဒါပေမဲ့ ကျွန်မတိုမှာ တစ်ချိန်လုံး အဲဒီအကြောက်တရားကြီးကို စွဲမြဲနေခဲ့တော့တာပဲ။ ဉပမာဆိုရင် အစေ့တွေကို မြိုချမိရင် ဗိုက်ထဲမှာ အပင်လေးတွေ ပေါက်လာလိမ့်မယ် တို၊ တကယ်တော့ သမီးက ဖေဖေတိုသမီးအရင်းမဟုတ်ဘူး ကောက်လာခဲ့တာတို ဘာတိုပေါ့လေ။
ဒါတွေက တကယ်တမ်းကြီးပြင်းလာတဲ့အခါ ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်နိုင်ပြီဆိုပေမယ့် ကလေးဘဝမှာတော့ မသိမသာ စိတ်ဒဏ်ရာတွေ ရခဲ့ရပါတယ်။
ဟာကွာ ကြီးကြီးကျယ်ကျယ် ဒါလေးစတာများ ဘာစိတ်ဒဏ်ရာလို မပြောပါနဲ့။ တစ်ခါတရံမှာ စကားလုံးတွေဟာ လူသတ်တတ်ပါတယ်။
အကြိမ်ကြိမ်အဖန်ဖန်ပြောပါများတော့ ကလေးအနေနဲ့ တကယ်အမှန်လို ထင်သွားတာမျိုးပေါ့လေ။ ကျွန်မတိုအနေနဲ့ ဆင်ခြင်သင့်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ပဲ သူ့တစ်ဘဝလုံး စွဲထင်မှတ်သားနေမိမှာက မတရားဘူးမဟုတ်လား။
သူတိုလေးတွေ သင်ယူနေတဲ့အချိန်မျိုးမှာ ကျွန်မတိုအနေနဲ့ အမှန်တွေလုပ်ပြဖိုက သိပ်အရေးကြီးပါတယ်။ စာသင်ရင်လည်း အသံထွက်မှန်မှန်၊ လူပုဂ္ဂိုလ်တွေအကြောင်းပြောတဲ့အခါလည်း အရပ်စကား၊ အရပ်ဇာတ်လမ်းတွေမဟုတ်ဘဲ မှန်မှန်ကန်ကန် တိတိကျကျ၊ ကိန်းဂဏာန်းတွေဆိုလည်း သေသေချာချာ စသည်ဖြင့် သူ့အမြဲတမ်းမှတ်သားရမယ့် ကိစ္စရပ်တွေမှာ ကိုယ့်ဘက်က ရိုးရိုးသားသား မှန်ကန်ပါစေ။ သိချင်စိတ် သိပ်များတဲ့ကလေးတွေမို သူတိုမေးတဲ့မေးခွန်းတိုင်းကို မဖြေနိုင်ရင်လည်း မသိရင်မသိကြောင်း၊ နောက်မှ ရှာပေးမှာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံစေချင်ပါတယ်။ ဒီအတွက်လည်း သူတိုကအထင်သေးမှာ မစိုးရိမ်ပါနဲ့။ ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဖေဖေတို၊ မေမေတိုရေ …
သူတိုလေးတွေဟာ သိပ်ကို အတုမြင်၊ အတတ်သင်လွယ်တဲ့သူတွေပါ။ သူတိုရဲ့ ပထမဆုံးသော အတွေ့အကြုံနဲ့ သင်ခန်းစာတွေဟာ သန့်ရှင်းစင်ကြယ်နေဖိုလိုပါတယ်။ ကြီးပြင်းလာမှ သူတိုရဲ့တွေးခေါ်မှုနဲ့အယူအဆတွေက တစ်မျိုးဖြစ်ချင်ဖြစ်သွားလိမ့်မယ်ဆိုပေမယ့် လက်ဉီးဆရာတွေဆီကနေတော့ သူတိုဟာ အမှန်တရားနဲ့ ကောင်းမွန်ခြင်းများကိုသာ ရရှိသွားစေဖိုအတွက် ဖေဖေ၊ မေမေတိုမှာ တာဝန်အရှိဆုံးပါပဲလို။