Articles

အမျိုးသားတွေ လုံးဝမသိတဲ့ ကိုယ်ဝန်ဆောင်ချိန် အခက်အခဲများ

အမျိုးသားတွေ လုံးဝမသိတဲ့ ကိုယ်ဝန်ဆောင်ချိန် အခက်အခဲများ

ယောကျာ်းဖောင်စီး မိန်းမမီးနေ စကားကို ကြားဖူးကြမယ် ထင်ပါရဲ့.. အမျိုးသမီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ချင်းစာတတ်တဲ့ အမျိုးသားဆိုရင်တော့ ကိုယ့်ဇနီးကို ဖေးမပေးမှာ ဆိုပေမယ့် နားမလည်တတ်တဲ့ ယောကျာ်းသားများအတွက် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ခံစားရတဲ့ အခက်အခဲတွေကို ပြောပြပေးမယ်နော်.. မေ့တတ်လွန်းခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ ပစ္စည်းတွေ ခဏခဏမေ့တာ၊ ပြောမယ့်စကားမေ့တာ၊ ဘယ်အရာမဆို အာရုံစိုက်ဖို့ မနည်းကြိုးစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါက ပျင်းလို့လည်း မဟုတ်သလို၊ မေ့တတ်တဲ့ အကျင့်ကြောင့်လည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ ဗြောင်းဆန်နေပြီး ဦးနှောက်က ကလေးဆီပဲ အာရုံရောက်နေလို့ပါ။ ဒီအချိန်မှ "ဘာလို့ ဒီလောက် မေ့နေတာလဲ" လို့ အပြစ်တင်မယ့်အစား နားလည်ပေးဖို့ လိုပါတယ်။ အိပ်မပျော်နိုင်ခြင်း သံသရာ "ကိုယ်ဝန်ဆောင်ရင် အိပ်ရေးဝဝအိပ်" လို့ ပြောတတ်ကြပေမဲ့ တကယ်တမ်းတော့ မလွယ်ပါဘူး။ အိပ်နေတဲ့အချိန် ကလေးက ကန်လို့၊ အိပ်ဖို့ကို သက်တောင့်သက်သာ မဖြစ်လို့၊ အိပ်ပျော်ခါနီးတိုင်း ဆီးခဏခဏ ထသွားနေရလို့ ညဘက်ကို သေချာအိပ်မပျော်လို့ နောက်ရက်တွေမှာ စိတ်မကြည်တာ၊ နုန်းခွေနေတာနဲ့ အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ အတွေးလွန်ခြင်း ဒါကတော့ အမျိုးသားတွေ အမြင်ရဆုံး အပိုင်းပါ။ ကိုယ်ဝန်ဆောင် ဇနီးသည်က တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ ဝမ်းနည်းငိုကြွေးတာ၊ စိတ်ဆတ်တာတွေ လုပ်တဲ့အခါ သည်းခံပေးပါ။ မိခင်တွေရဲ့ စိတ်ထဲမှာ ကလေးလေး ကျန်းမာပါ့မလား၊ မွေးရင် ဘယ်လောက်နာမလဲ၊ ငါ အမေကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အနာဂတ်အတွက် ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ အချိန်ပြည့် စီးချင်းထိုးနေရတာပါ။ ဇီဇာကြောင်လာမိခြင်း...

Read more →


ငါမွေးထားတာမို့ ငါပြောတာအမှန်.....

ငါမွေးထားတာမို့ ငါပြောတာအမှန်.....

*ငါမွေးထားတာမို့ ငါပြောတာအမှန်*_ * ** * ငါ့သားသမီးပဲ ငါစိတ်တိုင်းကျ ဆုံးဖြတ်မယ်လို့ အမြဲမတွေးပါနဲ့။ ငါမွေးထားတာမို့ ငါပြောတာအမှန်၊ ငါလုပ်တာခံဆိုရင် သားသမီးမွေးထားတာနဲ့မတူဘဲ အရုပ်ကလေးတွေလိုဖြစ်နေတော့မှာပေါ့။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရာအားလုံးကို ကန့်သတ်မချုပ်ချယ်လိုက်ပါနဲ့။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကိုလည်း လက်ခံပေးပါ၊ နားလည်ပေးပါ။ ဒါမှပဲ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခု သားသမီးနဲ့ မိဘကြား တည်ဆောက်နိုင်မှာပါ။ သားသမီးဆိုပေမယ့်လည်း privacy လေး ထားပေးပါ။ သူ့အခန်းထဲကို ဝင်မယ်ဆိုရင် တံခါးလေးတော့ ခေါက်ပေးပါ၊ သူ့ပစ္စည်းတွေကိုင်တော့မယ်ဆိုရင် တစ်ချက်လောက်တော့ အသိပေးပါ၊ သူနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သူ့ဆန္ဒလေးလည်း ဆွေးနွေးပေးပါ၊ သူလျို့ဝှက်ထားချင်တဲ့ ကိစ္စမျိုးဆို ဖိအားမပေးဘဲ တဖြည်းဖြည်းနဲ့ မေးကြည့်ပေးပါ၊ သူဖြစ်ချင်တဲ့ စိတ်ကူးတွေရှိရင် မသင့်တော်ဘူးထင်နေရင်တောင် ယတိပြတ်မငြင်းဘဲ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ နားဝင်အောင် ရှင်းပြပေးပါ၊ သူ့အိပ်မက်တွေကို ကိုယ့်ဆန္ဒချည်းသက်သက်နဲ့ မရိုက်ချိုးလိုက်ပါနဲ့ ကိုယ့်တုန်းကရော ဘယ်လိုခံစားရလဲ ပြန်တွေးပေးပါ။ ခေတ်အခြေအနေအရ မဖြစ်သင့်တာမဖြစ်စေချင်တဲ့ ပူပန်သောကတွေကိုလည်း နားလည်ပါတယ်၊ စိုးရိမ်သင့်တာတွေကို စိုးရိမ်မိတာကလည်း အလွန်တော့မဟုတ်ဘူးပဲ။ ဒါပေမဲ့ သားသမီးနဲ့ မိဘအကြား ငါမွေးထားတာပဲ၊ ငါပြောသမျှဖြစ်ရမယ်ဆိုတာမျိုး နည်းနည်းလေးတော့ လျှော့လိုက်ပါ။ မိဘဆိုတာလည်း တစ်ခါတုန်းက သားသမီးပဲ မဟုတ်လား။ ကိုယ်တွေတုန်းက လွတ်လပ်လိုစိတ်ကလေးကို သူလည်း လိုချင်မှာပဲလို့ တွေးပေးလိုက်ခြင်းအားဖြင့် ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု မြဲမြဲမြံမြံ တည်ဆောက်ပါ ။

Read more →


သူတို့လေးတွေ အမှန်မြင်နိုင်ဖို့ ကျွန်မတို့မှာတာဝန်ရှိပါတယ်

သူတို့လေးတွေ အမှန်မြင်နိုင်ဖို့ ကျွန်မတို့မှာတာဝန်ရှိပါတယ်

သူတို့လေးတွေ အမှန်မြင်နိုင်ဖို့ ကျွန်မတို့မှာတာဝန်ရှိပါတယ် ကလေးတွေက အတုမြင်ပြီး အတတ်သင်ပါတယ်။ အထူးသဖြင့် သူတိုက တွေ့သမျှ အရာအားလုံးကို ထပ်တူလိုက်လုပ်နေတဲ့အချိန်မှာ သူတိုရှေ့မှာ ကောင်းတဲ့အမူအကျင့်လေးတွေ လုပ်စေချင်တယ်။ သူတိုကို သင်ပြပေးတဲ့အခါ သူတိုစိတ်ထဲ တစ်သက်လုံးမှတ်သွားနိုင်တဲ့အရာတွေကို ကောင်းတဲ့အရာလေးတွေပဲ ထည့်ပေးစေချင်ပါတယ်။ ကျွန်မတို ငယ်ငယ်ကဆို အမှားတွေအများကြီး သင်ယူခဲ့ရတယ်။ အဲဒါကလည်း တမင်မဟုတ်ဘဲ စနောက်ပြီးတော့ ကျီစယ်တဲ့သဘောနဲ့ လူကြီးတွေက ပြောခဲ့တာပေါ့။ တစ်ခါတလေလည်း ခြောက်တဲ့အနေနဲ့ ကြောက်အောင် ပြောကြတာ။ ဒါပေမဲ့ ကျွန်မတိုမှာ တစ်ချိန်လုံး အဲဒီအကြောက်တရားကြီးကို စွဲမြဲနေခဲ့တော့တာပဲ။ ဉပမာဆိုရင် အစေ့တွေကို မြိုချမိရင် ဗိုက်ထဲမှာ အပင်လေးတွေ ပေါက်လာလိမ့်မယ် တို၊ တကယ်တော့ သမီးက ဖေဖေတိုသမီးအရင်းမဟုတ်ဘူး ကောက်လာခဲ့တာတို ဘာတိုပေါ့လေ။ ဒါတွေက တကယ်တမ်းကြီးပြင်းလာတဲ့အခါ ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်နိုင်ပြီဆိုပေမယ့် ကလေးဘဝမှာတော့ မသိမသာ စိတ်ဒဏ်ရာတွေ ရခဲ့ရပါတယ်။ ဟာကွာ ကြီးကြီးကျယ်ကျယ် ဒါလေးစတာများ ဘာစိတ်ဒဏ်ရာလို မပြောပါနဲ့။ တစ်ခါတရံမှာ စကားလုံးတွေဟာ လူသတ်တတ်ပါတယ်။ အကြိမ်ကြိမ်အဖန်ဖန်ပြောပါများတော့ ကလေးအနေနဲ့ တကယ်အမှန်လို ထင်သွားတာမျိုးပေါ့လေ။ ကျွန်မတိုအနေနဲ့ ဆင်ခြင်သင့်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ပဲ သူ့တစ်ဘဝလုံး စွဲထင်မှတ်သားနေမိမှာက မတရားဘူးမဟုတ်လား။ သူတိုလေးတွေ သင်ယူနေတဲ့အချိန်မျိုးမှာ ကျွန်မတိုအနေနဲ့ အမှန်တွေလုပ်ပြဖိုက သိပ်အရေးကြီးပါတယ်။ စာသင်ရင်လည်း အသံထွက်မှန်မှန်၊ လူပုဂ္ဂိုလ်တွေအကြောင်းပြောတဲ့အခါလည်း အရပ်စကား၊ အရပ်ဇာတ်လမ်းတွေမဟုတ်ဘဲ မှန်မှန်ကန်ကန် တိတိကျကျ၊ ကိန်းဂဏာန်းတွေဆိုလည်း သေသေချာချာ စသည်ဖြင့် သူ့အမြဲတမ်းမှတ်သားရမယ့် ကိစ္စရပ်တွေမှာ ကိုယ့်ဘက်က ရိုးရိုးသားသား မှန်ကန်ပါစေ။ သိချင်စိတ် သိပ်များတဲ့ကလေးတွေမို သူတိုမေးတဲ့မေးခွန်းတိုင်းကို...

Read more →


သားသမီးတွေကို ယုံကြည်ပေးပါ....

သားသမီးတွေကို ယုံကြည်ပေးပါ....

သားသမီးတွေကို ယုံကြည်ပေးပါ မိဘဆိုတာ သားသမီးကို ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ ထင်နေတာကို အားလုံးပဲ ကြုံဖူးကြမှာပါ။ ဒါက ချစ်ဖိုကောင်းတဲ့ကိစ္စဆိုပေမယ့် အမြဲတမ်းဆိုရင် ပြသာနာရှိလာတတ်ပါတယ်။ အရွယ်ရောက်နေတဲ့ လူတွေအတွက်ပေါ့။ အမေက ကျွန်မကို ငယ်ငယ်ကတည်းက အစိုးရိမ်လွန်ပါတယ်။ ကျွန်မဘာပဲလုပ်လုပ် အဆင်မပြေလောက်ဘူးလို ထင်နေတာက ပြသနာကြီးပါ။ ကျွန်မရဲ့ လုပ်နိုင်စွမ်းကို အမြဲတမ်း သံသယရှိနေတတ်ပါတယ်။ ကားလမ်းကူးတာကနေအစ၊ အဝတ်အစားရွေးတာအဆုံး ကျွန်မဘာသာ ဘာပဲလုပ်လုပ် အမေက စိတ်တိုင်းမကျဘူး။ အမေ့လက်နဲ့ဝင်ပြီးလုပ်ပေးရမှ အကုန်အဆင်ပြေတယ် ထင်နေတတ်ပါတယ်။ ကိုယ့်သဘောအတိုင်း ဘယ်တော့မှ လုပ်ခွင့်မရခဲ့ပေမယ့် အမေ့ကို ပြန်အထွန့်တက်ခွင့်မရှိဘူး။ အမေပြောတာက နင့်ကိုချစ်လို၊ စိုးရိမ်လို …..။ ။ ပညာရေးကနေကျော်လွန်လို လုပ်ငန်းခွင်ရောက်လာတော့လည်း ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို သံသယထပ်ဖြစ်နေပြန်ပါတယ်။ ကျွန်မအနေနဲ့ အမေရေ ဒါကတော့ ကျွန်မကျွမ်းကျင်တဲ့အပိုင်းပါလို ဘယ်လိုပဲ ပြောပြော အမေက ငါက နင့်ထက်ပိုပြီးဖြတ်သန်းလာရတာမို ပိုသိတယ်လိုပြောပြန်ပါတယ်။ မဟုတ်ဘူး ခေတ်တွေကွာသွားပြီလို ရှင်းပြမိတော့ ကျွန်မက မိဘကို အထင်သေးပြီး နှိမ်ချတဲ့သူမျိုးလို ဝမ်းနည်းပြန်ပါရော။ ကျွန်မတော့ အမေ့ကို ဘယ်လိုမှ ရှင်းပြလို မနိုင်ခဲ့ဘူး။ ဟော … အိမ်ထောင်ရေးကို ရောက်တဲ့အခါလည်း အမေသဘောကျတဲ့သူကိုပဲ လက်ခံစဉ်းစားရပါတယ်။ ကျွန်မမှာရွေးချယ်စရာအခွင့်အရေးမရှိခဲ့ပါဘူး။ အမြဲတမ်းလက်ခံပေးနေကျ အကျင့်ကြောင့် ပြန်လည်းမပြောတတ်တော့ဘူး အကုန်အမေ့သဘောကျပဲပေါ့။ ဒါပေမဲ့ ပေါင်းသင်းရတဲ့လူနှစ်ယောက်ဟာ လက်တွေ့ဖြစ်နေလေတော့ ကျွန်မအိမ်ထောင်ရေး အဆင်မပြေခဲ့ဘူး။ နောက်ဆုံး ကိုယ့်လမ်းကိုယ်လျှောက်ဖိုဖြစ်လာပြန်တော့ အမေက ကျွန်မကို ပြောပါတယ်။ နင့်မှာ ဘာအစွမ်းအစရှိလို ထွက်သွားဖို ကြံနေရာတာလဲတဲ့။ အမေဆိုလိုတာက...

Read more →


သားကိုဆုံးမပြီးသွားရင်လည်း သားဖြေရှင်းချက်လေးကို နားထောင်ပေးပါ မေမေ....

သားကိုဆုံးမပြီးသွားရင်လည်း သားဖြေရှင်းချက်လေးကို နားထောင်ပေးပါ မေမေ....

သားကိုဆုံးမပြီးသွားရင်လည်း သားဖြေရှင်းချက်လေးကို နားထောင်ပေးပါ မေမေရယ် မေမေရေ ... သားကိုဆူပါ၊ ဆုံးမပါ။ မေမေစိတ်တိုင်းကျတဲ့အထိ ပြောပါ၊ ဆိုပါ။ ဒါပေမဲ့လေ သားရှင်းပြတာလေးကိုတော့ နားထောင်ပေးပါလား။ သားဘက်မှာလည်း အကြောင်းပြချက်ရှိနေတာပဲမို့ သားဖြေရှင်းချက်ကို အထွန့်တက်တယ်လို့ မယူဆပါနဲ့လား။ မေမေရေ ... ပြသနာကို သားတို့ သေချာဆွေးနွေးလို့ မရနိုင်ဘူးလား။ မေမေက လူကြီးမို့လို့ သားတို့ထက် အတွေ့အကြုံများတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မေမေရယ် သားတို့ခေတ်မှာလည်း သားတို့ရင်ဆိုင်ရတာက မေမေတို့မကြုံဖူးတဲ့ အသစ်၊ အသစ်တွေ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ မေမေ့အနေနဲ့ သားအပေါ် နားလည်ပေးမယ်ဆိုရင် သားပျော်ရမှာပဲ။ မေမေရေ ... သူစိမ်းတစ်ယောက်က မေမေ့ကို သားအကြောင်းတိုင်လာတဲ့အခါ မေမေစိတ်တိုပါ၊ ဒေါသထွက်ပါ။ ဒါပေမဲ့ သားကိုတော့ အကျိုးအကြောင်းမေးပါ။ သားကလေ တစ်လောကလုံးကို ညာခဲ့ရင်တောင် မေမေ့ကိုတော့ အမှန်ပြောမယ့်သူပါ။ တစ်ယောက်ယောက်နဲ့ ယှဥ်လာတဲ့အခါ မေမေက သားစကားကို အလေးအနက်ထား ယုံကြည်ပေးမယ်ဆိုရင် သားတကယ်ဝမ်းသာမိမှာပါ မေမေ။ မေမေရေ ... သားက မေမေ့သားပါ။ မိသားစုကို ကာကွယ်မယ့် သားကြီး သြသရပါ။ မေမေကတော့ ကိုယ့်သားသမီးကို အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ကလေးလို့ပဲ မြင်နေမှာဆိုပေမယ့် သားရဲ့အရွယ်ရောက်မှုကိုလည်း အသိအမှတ်ပြုပေးစေချင်တယ်။ သားကြီးပြင်းလာပြီမို့ အိမ်ရဲ့အရေးကိစ္စတွေမှာလည်း အသိပေးစေချင်တယ်။ သားလည်း အခက်အခဲတွေကို မေမေနဲ့အတူ တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပေးချင်ပါတယ်။ မေမေရေ ... မိဘတွေရဲ့ ထုံးစံအတိုင်း စိတ်ပူတတ်တာနားလည်ပေမယ့် သားကို နည်းနည်းလောက် လွတ်လပ်ခွင့်ပေးစေချင်တယ်။ သားပြောတဲ့စကားတွေကိုဆိုလည်း အရေးအရာသွင်းပေးစေချင်တယ်။ သားမှားနေရင်လည်း...

Read more →