Articles
ပြသနာတစ်ခုခုဖြစ်တိုင်း ကလေးတွေကို သံသယမဖြစ်ပါနဲ့ ...
ပြသနာတစ်ခုခုဖြစ်တိုင်း ကလေးတွေကို သံသယမဖြစ်ပါနဲ့ ... သောက်နေကျ ဖန်ခွက်ကွဲသွားတယ် ဘယ်လိုဖြစ်တာလဲ နင့်သမီး ချခွဲလိုက်တာနေမှာပေါ့ မိတ်ကပ်ဘူးတွေ့သေးလားဟင် ဒီနားမှာတင်ထားတာပါ မရှိတော့လို့ နင့်သမီးပဲ ယူဆော့တာနေမှာပေါ့ အိပ်ခန်းထဲက အရုပ်က ဘယ်ကိုရောက်သွားတာလဲမသိ နင်တို့အခန်းထဲ နင့်သမီးပဲဝင်တာ ငါတို့တော့မသိ အိမ်မှာ အမြဲကြားရတဲ့စကားတွေပါ။ ဘာမှမပြောလိုက်နဲ့ သမီးပဲဖြစ်မှာပေါ့ဆိုတဲ့ ထင်မြင်ချက်ကအရင်လာပါတယ်။ ကလေးဆိုတော့ ဆော့တတ်တာ၊ ခွဲတတ်တာ နားလည်ပါတယ်။ ဒါပေမဲ့လည်း သေလည်းမသေချာပဲ နေမှာပေါ့ဆိုတဲ့စွပ်စွဲချက်က သမီးအပေါ်မတရားဘူးလို့ ခံစားရတယ်။ သေချာတွေ့လိုက်လို့ သူလုပ်တာဆိုရင်လည်း တစ်မျိုးပေါ့လေ။ တစ်ခါတလေဆို ကလေးက ဖိအားအပေးခံရပါသေးတယ်။ ဟုတ်တယ်မလား သမီးလုပ်လိုက်တာမဟုတ်လား မှန်မှန်ပြောနော် မညာနဲ့ဆိုတာကပါသေး။ ကလေးကမဟုတ်ဘူးဆိုလည်း မယုံဘူး ဒီကလေး ညာပြောတတ်နေပြီလို့ပြောကြပြန်တယ်။ ကဲ ဒါဆို သက်သေရှိလားဆိုတော့ သက်သေမလိုဘူး သူလုပ်နေကျပဲတဲ့။ အဲဒီလိုလုပ်ပါများတော့ ကလေးက ငါပြောလည်း ယုံတာမှမဟုတ်တာဆိုပြီး ဖြေလည်းမဖြေရှင်းတော့သလို ကြာတော့ ညာပါ ညာတတ်လာတယ်။ ကလေးကို ယုံကြည်ပေးပါ၊ ပြသနာဖြစ်လာရင် သူ့ကိုမေးပါ။ ညာတာကမကောင်းဘူးဆိုတာနဲ့ လုပ်မိရင်လည်း အပြစ်မပေးဘူးဆိုတာမျိုး အသိပေးပါ။ သေချာညှိနှိုင်းကြည့်ပါ။ ညာတတ်တဲ့အကျင့်ကို အလွယ်တကူမမွေးမြူပေးလိုက်ပါနဲ့။ သူတို့လေးတွေပြောတာကိုလည်း နားထောင်ပေးပါ၊ လက်ခံပေးပါ၊ သူတို့ကို နေရာပေးပါ ဒါမှလည်း သူတို့ကိုယုံကြည်တယ်ဆိုပြီး အားတက်လာကြမှာ။ လူကြီးတွေကလည်း ကလေးလုပ်တယ်ချည်းပဲ မပြောပါနဲ့။ ပစ္စည်းကွဲတယ်၊ ပျောက်တယ်ဆိုတာက အိမ်မွေးတိရစ္ဆာန်တွေကြောင့်လည်းဖြစ်နိုင်တယ်၊ ရာသီဉတုကြောင့်ဖြစ်နိုင်တယ်၊ အိမ်ကလူကြီးတွေ မေ့လျော့နေတာကြောင့်လည်းဖြစ်နိုင်တယ်။ တစ်ခါလုပ်ဖူးတိုင်း သူပဲလုပ်တာနေမှာဆိုပြီး မစွပ်စွဲမိပါစေနဲ့။ အပြစ်လုပ်ဖူးတယ်ဆိုရင်တောင် ပြုပြင်လိုက်လို့ရပါတယ် အမြဲတမ်း သူ့အပြစ်ပဲလို့ သံသယမဖြစ်ပါနဲ့။ ကလေးလုပ်တယ်ဆိုရင် ပြသနာကြီးမှာမဟုတ်လို့ ကိုယ်လုပ်ထားတာကို...
သားသမီးတွေအပေါ် ပြန်ရစရာမလိုတဲ့ မျှော်လင့်ချက်မျိုးတွေပဲ ထားပါ....
သားသမီးတွေအပေါ် ပြန်ရစရာမလိုတဲ့ မျှော်လင့်ချက်မျိုးတွေပဲ ထားပါ သားသမီးမွေးလာပြီးရင်တော့ သူတို့အပေါ်မျှော်လင့်ချက်တွေထားလေ့ရှိတာ မိဘတွေရဲ့သဘာဝပါပဲ။ မျှော်လင့်ချက်ကြီးလာလေလေ ပိုပြီးကန့်သတ်လာလေလေနဲ့ အချစ်လွန်၊ အစိုးရိမ်လွန်ပြီး အတ္တကြီးလာတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ အတန်းထဲမှာ အဆင့်တစ်ရမှ၊ ဘာသာစကားဘယ်နှမျိုးရမှ၊ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်ရမှ စသည့်ဖြင့် အကောင်းတကာ့အကောင်းဆုံးကိုသာ ဖြစ်လို၊ ရလို တတ်ကြပါတယ်။ အဲဒီအကျိုးသက်ရောက်မှုက တစ်ခါတရံမှာ သူတို့လေးတွေရဲ့ ကြီးပြင်းလာမှုအပေါ် သွားပြီးသက်ရောက်တတ်ပါတယ်။ မိဘတွေရဲ့လိုအင်ဆန္ဒမှတပါး သူတို့ကိုယ်ပိုင်မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတာမျိုး၊ မိဘရဲ့ guideline မပါဘဲ ဘာကိုမှမလုပ်တတ်တော့တာမျိုးတွေပေါ့လေ။ ကိုယ့်သားသမီးကို ကောင်းစေချင်လို့ဆိုတာကတော့ တကယ့်အမှန်တရားပါပဲ။ ဖြစ်စေချင်တဲ့ဆန္ဒတွေ၊ ကိုယ်မဖြစ်ခဲ့ရတဲ့အရာတွေအတွက် ဒီကလေးတွေအပေါ် ပုံလိုက်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုပေမယ့်လည်း သူတို့လေးတွေဘက်ကိုလည်း ထည့်တွေးရမှာပဲ။ လူရဲ့လုပ်နိုင်စွမ်းအားဟာလည်း ဘာပဲဖြစ်ဖြစ် အကန့်အသတ်ရှိတာပဲဆိုတော့ ဖိအားတွေကို ခံနိုင်ဖို့အတွက် တင်းကြပ်တဲ့နည်းလမ်းတွေနဲ့ အုပ်ထိန်းမှုဟာ ဒဏ်ဖြစ်သွားနိုင်တယ်ဆိုတာလေးလည်း သတိချပ်စေချင်ပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ချဉ်းကပ်ပုံပြောင်းပြီး လုပ်စေမယ်ဆိုရင်ရော မရဘူးလား။ သိပ်ရတာပေါ့။ အဆင့်တစ်ပဲ ရရမယ်ဆိုတဲ့အစား top ten ထဲဝင်ရုံနဲ့ လက်ခုပ်တီးပေးလိုက်ရတာပဲ။ မဝင်တော့လည်း ဘာဖြစ်လဲ နောက်တစ်ခါကြိုးစားဖို့အတွက် အားပေးလို့ဖြစ်တာပဲ။ ဆုတံဆိပ်တွေမရခဲ့လည်း ကြိုးစားမှုကို ဝမ်းသာအားရအသိအမှတ်ပြုပေးမယ်ဆိုရင်ကော ဒါလည်းရတာပဲ မိဘရဲ့လှိုက်လှဲမှုကသာ သူတို့အတွက် အင်အားဖြစ်နိုင်နေမှာလေ။ ရတယ် ကိစ္စမရှိဘူး နောက်တစ်ခေါက်ကြိုးစားကြမယ်လို့ ပြောပေးကြည့်ပါ သူတို့လေးတွေ တကယ်ပျော်ရမှာ၊ နောက်တစ်ခေါက်လည်း တကယ်ကိုပိုကြိုးစားချင်ကြမှာပါ။ ပညာရေးအတွက်ပြီးလာတော့ အလုပ်အကိုင်တွေလည်း ပါလာပြန်ရော။ ကြီးလာရင်တော့ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်နဲ့ မျှော်လင့်ချက်တွေ ပုံကြပြန်တယ်။ သူတို့ရှေ့ရေးအတွက်ပဲဆိုပေမယ့်လည်း ငါမွေးထားတာ၊ ငါကဘယ်လို အုပ်ထိန်းထားတာ၊ ငါဘယ်လို ပြုစုပျိုးထောင်ထားတာ စသည်စသည်...
ါ့သားသမီးပဲ ငါစိတ်တိုင်းကျ ဆုံးဖြတ်မယ်လို့ အမြဲတွေးတော့မှာလား ?
ါ့သားသမီးပဲ ငါစိတ်တိုင်းကျ ဆုံးဖြတ်မယ်လို့ အမြဲမတွေးပါနဲ့။ ငါမွေးထားတာမို့ ငါပြောတာအမှန်၊ ငါလုပ်တာခံဆိုရင် သားသမီးမွေးထားတာနဲ့မတူဘဲ အရုပ်ကလေးတွေလိုဖြစ်နေတော့မှာပေါ့။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရာအားလုံးကို ကန့်သတ်မချုပ်ချယ်လိုက်ပါနဲ့။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကိုလည်း လက်ခံပေးပါ၊ နားလည်ပေးပါ။ ဒါမှပဲ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခု သားသမီးနဲ့ မိဘကြား တည်ဆောက်နိုင်မှာပါ။ သားသမီးဆိုပေမယ့်လည်း privacy လေး ထားပေးပါ။ သူ့အခန်းထဲကို ဝင်မယ်ဆိုရင် တံခါးလေးတော့ ခေါက်ပေးပါ၊ သူ့ပစ္စည်းတွေကိုင်တော့မယ်ဆိုရင် တစ်ချက်လောက်တော့ အသိပေးပါ၊ သူနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သူ့ဆန္ဒလေးလည်း ဆွေးနွေးပေးပါ၊ သူလျို့ဝှက်ထားချင်တဲ့ ကိစ္စမျိုးဆို ဖိအားမပေးဘဲ တဖြည်းဖြည်းနဲ့ မေးကြည့်ပေးပါ၊ သူဖြစ်ချင်တဲ့ စိတ်ကူးတွေရှိရင် မသင့်တော်ဘူးထင်နေရင်တောင် ယတိပြတ်မငြင်းဘဲ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ နားဝင်အောင် ရှင်းပြပေးပါ၊ သူ့အိပ်မက်တွေကို ကိုယ့်ဆန္ဒချည်းသက်သက်နဲ့ မရိုက်ချိုးလိုက်ပါနဲ့ ကိုယ့်တုန်းကရော ဘယ်လိုခံစားရလဲ ပြန်တွေးပေးပါ။ ခေတ်အခြေအနေအရ မဖြစ်သင့်တာမဖြစ်စေချင်တဲ့ ပူပန်သောကတွေကိုလည်း နားလည်ပါတယ်၊ စိုးရိမ်သင့်တာတွေကို စိုးရိမ်မိတာကလည်း အလွန်တော့မဟုတ်ဘူးပဲ။ ဒါပေမဲ့ သားသမီးနဲ့ မိဘအကြား ငါမွေးထားတာပဲ၊ ငါပြောသမျှဖြစ်ရမယ်ဆိုတာမျိုး နည်းနည်းလေးတော့ လျှော့လိုက်ပါ။ မိဘဆိုတာလည်း တစ်ခါတုန်းက သားသမီးပဲ မဟုတ်လား။ ကိုယ်တွေတုန်းက လွတ်လပ်လိုစိတ်ကလေးကို သူလည်း လိုချင်မှာပဲလို့ တွေးပေးလိုက်ခြင်းအားဖြင့် ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု မြဲမြဲမြံမြံ တည်ဆောက်ပါ။
ကိုယ့်သားသမီးဟာ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့အတွက် မွေးဖွားထားတာလား..?
ကိုယ့်ကလေးဟာ တစ်စုံတစ်ယောက်နဲ့ ခိုင်းနှိုင်းရမယ့် ဖြစ်တည်မှုမျိုး မဟုတ်ပါ … “နင်နော် စာကိုမလုပ်ဘူး ဟိုဘက်အိမ်က အဝါဆို နေ့တိုင်းစာပဲ ကျက်နေတာ” “သမီး မုန့်တွေပဲ စားနေတာနော် ဟိုမှာကြည့် ဖြူဖြူဆို ဘယ်လောက်လိမ္မာလဲ ထမင်းပဲစားတယ်” “ဒေါ်ငယ့်သားများဟယ် ဂုဏ်ထူး ငါးဘာသာတဲ့ နင်နဲ့များကွာပ သူများတွေ တော်လိုက်ကြတာ” “အမယ်လေး မိဘချင်းယှဉ်ရင် ငါ့မယ် မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး သူများသားသမီးတွေ တော်လိုက်ကြတာ နင်ကတော့ တစ်စက်မှ အသုံးမကျဘူး” “နင့်ညီမ ဝမ်းကွဲတောင် ဘဏ်မှာလုပ်တာ လစာပိုကောင်းတယ် နင်ကတော့ နှစ်ပဲတပြားနဲ့ ဘာသုံးစားလို့ရမှာလဲ တစ်သက်လုံး တိုးတက်မှာကို မဟုတ်ဘူး” ဒါတွေဟာ တော်တော်များများ ကြားခဲ့ရတဲ့စကားတွေပါ။ တစ်ခုမဟုတ်တစ်ခုကတော့ ကြားခဲ့ရလေ့ရှိပါတယ်။ အဲဒီလိုမျိုး အိမ်စာမလုပ်တာကစလို့ ကစားမက်တာအဆုံး အလုပ်ရတဲ့အထိ ဘဝတစ်လျှောက်လုံး တစ်ယောက်ယောက်နဲ့ အမြဲတမ်း နှိုင်းယှဉ်ခံနေရတဲ့ ခံစားချက်က သိပ်ဆိုးတာပါပဲ။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ၊ ကိုယ်ရယ်ကိုယ်သွေးဟာ၊ ဉာဏ်ရည်ပြည့်ဝမှုဟာ၊ ခံနိုင်ရည်တွေဟာ၊ သင်ယူနိုင်စွမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီသလို တစ်ယောက်ယောက်နဲံ နှိုင်းယှဉ်ပြီး တိုင်းတာလို့လည်း မရတဲ့ အရာတွေပါ။ သူလုပ်နိုင်တာကို ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ့်လုပ်နိုင်တာကို သူမလုပ်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ တစ်စုံတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းဟာ တစ်စုံတစ်ယောက်နဲ့ အယှဉ်ခံဖို့ မဟုတ်ပါဘူး။ လူတိုင်းဟာ သီးသန့်ဖြစ်တည်မှုတစ်ခုစီ ပိုင်ဆိုင်ကြပြီးသားပါ။ လူတိုင်းလုပ်နိုင်တာကို မလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် ဒါဟာ ကိုယ့်အားနည်းချက်လည်း ဖြစ်နေနိုင်တယ်၊ အဲဒီပြသာနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မိဘအုပ်ထိန်းသူတွေအပေါ်အများကြီး မူတည်သွားပါတယ်။ အကြီးကို အငယ်နဲ့ နှိုင်းတဲ့အခါ မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲပါတယ်၊ သူငယ်ချင်းအချင်းချင်း...
ငါ့မြေးငါ့မြေး'' နဲ့လုပ်လွန်းလို့ သမီးလေးကဆိုးတယ်...
ငါ့မြေးငါ့မြေး'' နဲ့လုပ်လွန်းလို့ သမီးလေးကဆိုးတယ် တစ်ဦးတည်းသောသမီးဆိုတော့ သမီးကဆိုးတယ်။ ဘယ်အရာမဆိုသူလိုချင်တိုင်းရနေတော့လည်း သမီးက လိုတာမရဘူးဆိုတဲ့အခြေအနေကို လုံးဝလက်မခံတော့ဘူး။ သမီးက ဆွေမျိုးတွေကိုရော၊ အသိမိတ်ဆွေအပေါင်းအသင်းတွေကိုရော သူ့ကိုသမျှ သူနဲ့နီးကပ်တဲ့သူတိုင်းကို အနိုင်ကျင့်လေ့ရှိတယ်။ အိမ်ကို အမျိုးတွေလာလည်ရင် သမီးဒဏ်ကို ကလေးရော၊ လူကြီးပါခံရတယ်။ ပြသနာက သမီးကို ဆူမယ့်၊ ဟန့်မယ့်သူမရှိတာပဲ။ သူ့ကိုတားမယ့်သူမရှိတော့ သမီးကို ပိုပိုပြီးဆိုးလာတယ်၊ ပိုပိုပြီးရောင့်တက်လာတယ်။ ဘယ်သူတွေကအလိုလိုက်တာလဲဆိုတော့ သူ့အဖွားနဲ့ကြီးတော်တွေပဲပေါ့။ ဒီကလေးက လမစေ့ဘဲမွေးလာရလို့၊ ကိုယ်ဝန်ဆောင်တုန်းကလည်း ခက်ခက်ခဲခဲနဲ့ရလာရလို့ စသည့်ဖြင့် သူတို့သည်းတုန်အူတုန်အောင် တန်ဖိုးထားရ၊ သည်းသည်းလှုပ်ချစ်ရတဲ့ကလေးပေါ့။ တကယ်ကတော့ သမီးက စောသာမွေးတာပါ ကျန်းမာရေးအခြေအနေကလည်းကောင်းပါတယ်၊ ဥာဏ်ရညဥာဏ်သွေးကလည်း သူများကလေးတွေတန်းတူပါပဲ ပြောချင်တာက ချွတ်ယွင်းတာမျိုးမရှိပါဘူး။ ဒါပေမဲ့ သူ့အဖွားတွေနဲ့တစ်အိမ်လုံးက သည်းကဲနေတဲ့ ကလေးဆိုတော့လည်း တော်ရုံအပြင်လူက ၀င်မတိုးတော့ဘူးလေ။ အိမ်ကိုလာလည်တဲ့ ကလေးတွေကို သမီးထက်ကြီးတဲ့သူဆိုရင်လည်း “ဟဲ့ နင်ကအကြီးလေ ကလေးကို ပေးလိုက်” ဟော သမီးထက်ငယ်ပြန်ရင်လည်း “ မမကတောင်းရင်ပေးရတယ်လေ အငယ်က လိမ္မာရတယ်” တဲ့။ အမျိုးတွေက လူကြီးတွေဖြစ်နေရင်လို့ ဆိုဆုံးမမယ်ဆိုရင်လည်း “ ပြောမနေပါနဲ့အေ သူငိုရင် တစ်နေကုန်ဂျီနေမစိုးလို့” နဲ့ သြော် သူတို့မြေးအတွက်ကျ အကြောင်းပြချက်တွေက ခိုင်မာချက်ပဲနော်။ ဒီလိုနဲ့သမီးက အမျိုးတွေကြားထဲမှာ အဆိုးတုံးလေးဖြစ်လာတယ်၊ ရှေ့တင်သာမပြောပေမယ့် သမီးကိုဆို ရှောင်ကြတယ်။ အပြင်လူတွေပဲလားဆိုတော့ ကျွန်မတို့လည်း အတူတူပါပဲ။ ကျွန်မတို့လင်မယားကိုလည်း အဖေရယ်၊ အမေရယ်ဆိုပြီး ဆုံးမခွင့်မပေးဘူး။ နှစ်ယောက်လုံးကအလုပ်သွားရတာမို့ တစ်နေကုန် အဖွားတွေနဲ့ပဲထားခဲ့ရတာဆိုတော့ ဆုံတဲ့အချိန်၊ ကြုံတဲ့အချိန် ၀င်ဆုံးမရင်တောင် ဆုံးမနေတုန်းက ၀င်ဖြတ်တော့တာ။ ကျွန်မက...