Solmux Pediatric Suspension (30ml)
ကလေးချွဲသလိပ်များထွက်၍ ချောင်းဆိုခြင်းကို သက်သာဆေးသောဆေးရည်ဖြစ်ပါသည်။ သလိပ်များထွက်၍ ချောင်းဆိုးခြင်း အခြေအနေများဖြစ်ကြသည့် အဆုတ်လေပြွန်ရောင်ခြင်း၊ ရင်ကျပ်ခြင်း၊ အဆုတ်ပွခြင်း တို့အတွက် အသုံးပြုနိုင်ပါသည်။
ဆေးရည် ၅ မီလီမီတာတွင် ကာဘိုစစ်စတင်း ၂၀၀ မီလီရမ်ပါဝင်ပါသည်။
ဆေးသောက်ရန်အညွှန်း
၁ နှစ် မှ ၃ နှစ်အထိ - 2.5 ml
၄ နှစ် မှ ၇ နှစ်အထိ - 5 ml
၈ နှစ် မှ ၁၂ နှစ်အထိ - 7.5 ml
လူကြီးများတစ်ခါသောက် 12.5 ml
၁ နှစ်အောက် ကလေး၏ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကို ၁ ရက်လျှင် 0.5ml နှုန်းဖြင့် တွက်ချက်ပြီး လိုအပ်သလို အကြိမ်ရေခွဲတိုက်နိုင်ပါသည်။
ဆေးမသောက်မီ ဆေးဘူးကိုသေချာစွာလှုပ်ပေးပါ။
**သတိပြုရန်***
ဤဆေးသည် အစာအိမ်အမြှေးပါးကို ထိခိုက်စေနိုင်သောကြောင့် အစာအိမ် အချဉ်ပေါက်ရောဂါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ သတိထားသင့်ပါသည်။
ကိုယ်ဝန်ဆောင် နှင့်နို့တိုက် မိခင်များ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သုံးစွဲသင့်ပါသည်။