Similac Total Comfort Stage 3 (820g)

Similac Total Comfort Stage 3 (820g)

Regular price MMK 66,350 MMK 0 Unit price per
Shipping calculated at checkout.
- +

Similac Total Comfort Stage 3 သည် အသက် (၂) နှစ်နှင့်အထက်ကလေးများအတွက်ဖြစ်ပြီးလက်တိုစ့် သကြားနှင့်ဓာတ်မတည့်ခြင်းကြောင့် လေပွလေထခြင်း ၊ ဝမ်းပျက်ဝမ်းလျောခြင်း မအီမသာဖြစ်ခြင်း၊ ငိုယိုခြင်း အစရှိသည့် ဝမ်းဗိုက်ပြဿနာများကိုခံစားနေရသော ကလေးများအတွက် ထုတ်လုပ်ထားသော အစာကြေညက်ပြီး အာဟာရစုပ်ယူမှုလွယ်ကူစေသော ဖော်မြူလာဖြစ်ပါတယ်။ 

Similac Total Comfort Stage 3 ရဲ့ TummiCare စနစ်တွင် ပရီဘိုင်အိုတစ် (အက်ဖ်အိုအက်စ်) တစ်ပိုင်းတစ်စဖြိုခွဲထားသော ၁၀၀ ရာခိုင်နှုန်း နို့ဓမ်းရည်မှ ရသော ပရိုတင်း၊ လက်တို့စ် (ပါဝင်မှုအလွန်နည်းပါးသော)၊ စားအုံးဆီ မပါဝင်သော ဟင်းသီးဟင်းရွက် အရောအနှာတို့ပါဝင်တာကြောင့် ကလေးရဲ့ ဝမ်းဗိုက်ကျန်းမာရေးကို ကောင်းမွန်စေပြီး အူလမ်းကြောင်းကိုလည်း သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ 

တိုက်ကျွေးရမည့်အညွှန်း  

အသက် (၂)နှစ်နှင့်အထက်  - ရေပမာဏ (၁၈၀)မီလီလီတာ - ဇွန်းအရေအတွက် (၃)ဇွန်း - တစ်နေ့ (၃)ကြိမ်