Pigeon-Natural Feel Nipple Shield

Pigeon-Natural Feel Nipple Shield

Regular price MMK 26,950 MMK 0 Unit price per
Shipping calculated at checkout.
- +
Nipple shield ဆိုတာ ပျော့ပြောင်းတဲ့ စီလီကွန်နဲ့ပြုလုပ်ထားပြီး မိခင်ရဲ့နို့သီးခေါင်းထိပ်မှာတပ်ပြီး ကလေးစို့ရတဲ့ အရာပါ

အကြံပြုချက်
Nipple shield ကို ရေတို(လိုအပ်ချိန်အတွင်းသာ)အသုံးပြုသင့်ပါတယ်

အသုံးပြုခြင်း
ဖြစ်နိုင်လျှင် မွေးပြီးပြီးချင်းတပတ်အတွင်းအသုံးမပြုသင့်ပါဘူး
ပေါင်မပြည့်သောကလေး၊လမစေ့သောကလေး၊ မိခင်နို့သီးခေါင်းပြားနေတဲ့အခါ၊ ခွက်ဝင်နေတဲ့အခါ နို့ဘူးစွဲပြီး မိခင်နို့ပြန်တိုက်ချင်တဲ့အခါတွင်အသုံးပြုသင့်ပါတယ်
ကလေးသွားပေါက်ခါနီး သွားယားချိန် မိခင်နို့ကို ကိုက်တဲ့အခါ အကာအနေနဲ့သုံးပြီးနို့တိုက်နိုင်ပါတယ်

ရရှိနိုင်သောဆိုးကျိုးများ
Shield ရဲ့အရည်အသွေးမကောင်းခဲ့လျှင် နို့သိပ်မထွက်တာဖြစ်ပြီးကလေးနို့စို့တာလည်းနည်းသွားနိုင်ပါတယ်
နို့လမ်းကြောင်းပိတ်ပြီး နို့အုံရောင်ယမ်းတဲ့အထိဖြစ်နိုင်ပါတယ်
Nipple ကိုစွဲသွားပြီးဖြတ်ရခက်တာတွေဖြစ်နိုင်ပါတယ်

ရရှိနိုင်သောကောင်းကျိုးများ
လမစေ့ ပေါင်မပြည့်တဲ့ကလေးတွေအတွက် အမေနို့ရဲ့အာဟာရကိုရရှိစေမှာပါ
နို့စို့တဲ့အခါ ဖြစ်ပေါ်နေတဲ့ အခက်ခဲတွေကို ကူညီဖြေရှင်းပေးတဲ့အတွက် အမေရောကလေးပါ အဆင်ပြေစေပါတယ်
မိခင်နို့ကို nipple shield တပ်ပြီး နို့တိုက်လို့ရတဲ့အတွက် မိခင်နို့ရဲ့ အကျိုးကျေးဇူးမှားစွာရရှိမှာပါ

ဘယ်လို Nipple Shield မျိုးကိုရွေးချယ်သင့်ပါသလဲ
စီလွန်ကွန်နဲ့ပြုလုပ်ထားပြီး ပျော့ပြောင်းရပါမယ်
ကြည်လင်ပြီး ပါးလွှာနေရပါမယ်
မိခင်ရဲ့အသားနဲ့ကပ်စေဖို့ skin to skin contact ရစေတဲ့ ထိပ်ဖွင့် shield ဆိုပိုကောင်းပါတယ်

Nipple shield အသုံးပြုလျှင် သိထားရမည့်သတိပြုချက်
ကလေးနို့စို့နေတာကိုစောင့်ကြည့်နေရပါမယ်
စို့တဲ့အခါ မြိုချသံကိုကြားနေရပါမယ်
စို့နေတဲ့နို့ လုံလောက်မှုရှိမရှိ စမ်းစစ်ရပါမယ်
(ဆီးဝမ်းအခြေနေမှတ်ထားရပါမယ် -အကြမ်းဖျင်းအားဖြင့် တနေ့ ၆ကြိမ်)တလခွဲအောက် ဝမ်း၃ကြိမ် တစ်လခွဲအထက် ဆိုရင် အဲ့ထက် နည်းသွားပါမယ်
ပေါင်ချိန် ၂ပတ်တစ်ခါကို တူညီတဲ့ချိန်စက်နဲ့ ပုံမှန်ချိန်ပေးရပါ
မယ်
ကလေးစို့ပြီးနို့အုံက မပျော့သွားဘူးဆိုင်ရင် Breast pump နဲ့ ညှစ်ထုတ်ပေးဖို့လိုပါမယ်