
Physiodose Box (30 Doses)
Regular price
MMK 19,500
Shipping calculated at checkout.
ပြင်သစ်နိုင်ငံထုတ် Physiodose ဆေးရည်ဘူးလေးတွေကို မွေးစမှ အသက်ကြီးတဲ့အထိသုံးနိုင်ပါတယ်
၁. ရာသီအကူးအပြောင်းကြောင့် နှာစေးနှာပိတ်လို့ပဲဖြစ်ဖြစ်
၂. အပြင်ကပြန်လာလို့ မျက်စိ၊ နား နှင့် နှာခေါင်းတို့ကို သန့်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ်
၃. သားသားမီးမီးလေးတွေရဲ့ နား,နှာခေါင်း,မျက်စိသန့်ရှင်းပေးဖို့ပဲဖြစ်ဖြစ်
၄. အိမ်က ဖိုးဖိုးဖွားဖွားတို့အတွက် သန့်ရှင်းရေးလုပ်ဖို့ပဲဖြစ်ဖြစ်
၅. ထိခိုက်ဒဏ်ရာလေတွေကိုဆေးကြောဖို့ပဲဖြစ်ဖြစ်
အသုံးပြုနိုင်ပါတယ်..
ဘေးထွက်ဆိုးကျိုးကင်းပြီး မွေးကင်းစမှ ဘိုးဘိုးဘွားဘွားအရွယ်ထိ သုံးစွဲနိုင်တဲ့ Physiodose လေးဖြစ်ပါတယ်။
အဆင့်မြင့်နည်းပညာများနဲ့ ပြင်သစ်နိုင်ငံတွင် စနစ်တကျထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
နားသန့်ရှင်းရေးအတွက် Physiodose (ဖီစီရိုဒို့စ်) အသုံးပြုပုံ အဆင့်ဆင့်
1. Tube ထိပ်မှအဖုံးလေးကို လှည့်ပြီး ဖွင့်လိုက်ပါ။
2. ဦးခေါင်းကို ဘေးတစ်ဖက်စောင်းပြီး Tube ထိပ်ဝကို နားထဲသို့အနည်းငယ်သွင်းပြီး ဆေးရည်အစက်ချပါ။
3. အစက်ချပြီး ဦးခေါင်းကိုပြန်မတ်ပါ။ ပြီးနောက် သန့်ရှင်းသော ဂွမ်းစဖြင့် (သို့) ကြိုက်နှစ်သက်ရာ နူးညံ့သော အစ ဖြင့် နားအတွင်းအရည်များကို ဖယ်ရှားပေးပါ။
4. နောက် နားတစ်ဖက်ကို လည်း အထက်ပါအစဥ်လိုက်တိုင်းပြုလုပ်ပါ။
မျက်စိနှင့် နားခေါင်းကိုလဲ ထိုနည်းတူစွာ အသုံးပြုနိုင်ပါသည်...
နှာခေါင်းအတွက် Physiodose (ဖီစီရိုဒို့စ်) အသုံးပြုပုံ အဆင့်ဆင့်
1. Tube ထိပ်မှအဖုံးကို လှည့်ပြီး ဖွင့်လိုက်ပါ။
2. လှဲလျောင်း အနေအထားဖြင့် ကလေး နှာခေါင်းတစ်ဖက်ကို Tube ထိပ်ဝလေးသွင်းပြီး အစက်ချပါ။
3. တစ်ဖက်ပြီး နောက်နှာခေါင်းတစ်ဖက်ကိုအစက်ထပ်ချပါ။
4. အစက်ချပြီး ၅ sec အကြာတွင် ကလေးကို မတ်မတ်လေးထားပြီး နှာခေါင်းထဲမှ ထွက်ကျလာသော နှပ်ရည်များကို ဖယ်ရှားပေးပါ
တစ်ခါလျှင် ၂စက်၃စက်ချနိုင်ပြီး
တစ်နေ့ကို ၆ ကြိမ်ထိ အသုံးပြုနိုင်ပါတယ်
အဖုံးဖွင့်ပြီး (၂၄) နာရီအတွင်း အသုံးပြုခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။