My First Everyday Words
စကားစပြောတတ်တဲ့အချိန်မှာ "My First Everyday Words" ကို မဖြစ်မနေသင်ကြားပေးပါ
လိုချင်တာ ဖြစ်ချင်တာတွေကို ဖော်ထုတ်မပြောတတ်လို့ စိတ်တိုအလိုမကျဖြစ်တတ်တဲ့ ကလေးလေးမဖြစ်ရအောင် ပတ်ဝန်းကျင်မှာ နေ့စဥ်ထိတွေ့ရမယ့် အရာလေးတွေကို သူတို့လေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ကာ အလွယ်တကူပြောပြတတ်လာစေဖို့အတွက် အကောင်းဆုံးပုံဖော်ထားတဲ့"My First Everyday Words"
True Learning က ထုတ်ဝေထားတဲ့ "My First Everyday Words" က ကလေးငယ်တွေအတွက်တင်မကဘဲ မိဘတွေ အတွက်ပါ အသုံးဝင်စေမှာဖြစ်သလို ဒီစာအုပ်လေးထဲမှာဆိုရင်
-ရင်သွေးငယ်တို့နေ့စဉ်ဘဝမှာထိတွေ့နေရတဲ့ နေရာတွေကို အသံထွက်လေးတွေလည်းပါလို့ အင်္ဂလိပ်လိုပါ လေ့လာသင်ကြားနိုင်မယ်
-စကားလုံးတစ်မျိုးတည်းနဲ့သင်ရမှာမဟုတ်တော့ဘဲ ရုပ်ပုံလေးတွေကြည့်လိုက်တာနဲ့နားလည်နိုင်မယ်
-ချစ်စရာကောင်းပြီးကလေးတိုင်းစိတ်ဝင်စားမယ့် ရုပ်ပုံလေးတွေနဲ့ ဖြစ်လို့ စိတ်ထဲ အမြဲတမ်းမှတ်မိနိုင်မယ်
-နေရာအလိုက် အသုံးအနှုန်းတွေ ၊ အခေါ်အဝေါ်တွေကို ပိုမိုသိရှိလာမယ်
- စာမျက်နှာတိုင်းမှာ Activity လေးလည်းပါဝင်လို့တခုစီတိုင်းကို စိတ်ထဲအချိန်တိုင်းမှတ်မိနေစေမှာပါ
ဒါတွေအပြင်
- မှန်ကန်တဲ့စာလုံးပေါင်းသတ်ပုံ နဲ့ အသံထွက်
- တိကျတဲ့ အဓိပ္ပာယ်
- စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပုံလေးတွေပါဝင်တဲ့ ဒီစာအုပ်လေးကြောင့် ဝေါဟာရတွေ အများကြီးရရှိစေမှာပါ ။
ရင်သွေးငယ်တို့ကို ပိုတော်ပြီး ထက်မြတ်စေချင်ကြတဲ့ မိဘတိုင်းရွေးချယ်သင့်တဲ့ စာအုပ်လေးဆိုရင်လည်း မမှားပါဘူး ။