HUMANA 0 (400g)
Humana 0 ဟာ ပေါင်ချိန် (၁၈၀၀) ဂရမ်ကျော်ကျော်သာရှိပြီး ပေါင်ချိန်မပြည်တဲ့ ကလေးများအတွက် မိခင်နို့အပြင် ဖြည့်စွက်စာ ဒါမှမဟုတ် အဓိက အားဖြည့်ဓာတ်စာအနေနဲ့ တိုက်ကျွေးလို့ရအောင် အထုးဖော်စပ်ထားတဲ့ နို့မှုန့်ဖြစ်ပါတယ်။ အစာခြေဖျက်တဲ့ စနစ်အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ အစောပိုင်း အဆင့်အတွက် အဓိကရည်ရွယ်ကာပရိုတင်းဓာတ်၊ ကယ်လစီယမ်ဓာတ်များအပြင်လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ ဖော်စပ်ထားခြင်းဖြစ်ပါတယ်။
LC-PUFA ဟာ မိခင်နို့မှာတွေ့ရတဲ့ ပြည့်ဝဆီ ဖက်တီး အက်ဆစ်ဓာတ် အမျိုးအစားဖြစ်ပါတယ်။ မွေးကင်းစအရွယ်မှာ LC-PUFA ဓာတ်ကို ထုတ်နိုင်ခြင်းမရှိသေးတာကြောင့် ဒီဓာတ်တွေဟာ မွေးကင်းစ ကလေးတွေ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးစေဖို့ အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်များဖြစ်ပါတယ်။
Prebiotics (ပရီဘိုင်အိုတစ်)ဟာ အမျှင်ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်ဟာ အူထဲမှာ အကျိုးပြုဘတ်တီးရီးယားများကိုရှင်သန်ဖို့နဲ့ အူလမ်းကြောင်း ဖွံ့ဖြိုးစေဖို့အားဖြည့်ပေးပါတယ်။ Nucleotides (နူကလီရိုဒိုက်စ်)ဟာ ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။
ဖျော်စပ်ပုံအညွှန်း
နိုမှုန့် (၁) ဇွန်း ရေ ၃၀ မီလီလီတာ = ဖျော်စပ်ပီး နို့ပမာဏ ၃၅ မီလီလီတာ
နှို့မှုန် (၂) ဇွန်း ရေ ၆၀ မီလီလီတာ = ဖျော်စပ်ပီး နို့ပမာဏ ၆၅ မီလီလီတာ
နှို့မှုန့် (၃) ဇွန်း ရေ ၉၀ မီလီလီတာ = ဖျော်စပ်ပီး နို့ပမာဏ ၁၀၀ မီလီလီတာ
နှို့မှုန့် (၄) ဇွန်း ရေ ၁၂၀ မီလီလီတာ = ဖျော်စပ်ပီး နို့ပမာဏ ၁၃၀ မီလီလီတာ
နှို့မှုန့် (၅) ဇွန်း ရေ ၁၅၀ မီလီလီတာ = ဖျော်စပ်ပီး နို့ပမာဏ ၁၇၀ မီလီလီတာ
*နို့မှုန့်ဗူးတွင်ပါဝင်သော ဇွန်းဖြင့်သာ ချိန်တွယ်အသုံးပြုရပါမည်*
သောက်သုံးသင့်တဲ့ပမာဏ
ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ Humana 0 ကိုမွေးကင်းစလသားအရွယ် ၄၀ ပတ်မှ ၅၂ ပတ်အထိလည်း သောက်သုံးနိုင်ပါတယ်။ သောက်သုံရန်ပမာဏနဲ့ သောက်သုံးရမယ့် အချိန်ကာလကိုတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုပေါ်မူတည်ပြီး သောက်သုံးနိုင်ပါတယ်။ တစ်ရက်ကို ပျမ်းမျှ ၁၅၀ မီလီမီတာလောက် ဒါမှမဟုတ် ကလေးကိုယ်အလေးချိန်ပေါ်မူတည်ပြီး အစာကို ၅ ကြိမ်မှ ၁၀ကြိမ်ခွဲကျွေးသင့်ပါတယ်။ Humana 0 ကို ကလေးရဲ့ ကိုယ်အလေးချိန် ၅ ကီလိုဂရမ်လောက်တိုးလာတဲ့အထိ တိုက်ကျွေးဖို့ အကြံပြုချင်ပါတယ်။
သတိပေးချက်
နွားနို့တွင် ပါဝင်သော ပရိုတိန်းနှင့်ဓါတ်မတည့်ခြင်း ၊ လက်တိုစ့်သကြားတို့ကို မခြေဖျက်နိုင်ခြင်း ၊ သကြားဓါတ် (ဂလူးကို့စ် ၊ ဂလက်တို့စ်) စုပ်ယူနိုင်စွမ်းချို့ခြင်း စသည့်ရောဂါများရှိသော ကလေးများအား Humana 0 နို့မှုန့် မတိုက်ကျွေးသင့်ပါ။
အသုံးပြုပြီးလျှင် နှို့မှုန့်ဗူး အဖုံးကို သေချာစွာ ပြန်ပိတ်ပါ ၊ အေး၍ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။
နို့မှုန်းဗူးအား အဖုံးဖွင့်ပြီး (၃) ပါတ်အတွင်းသာအသုံးပြုသင့်ပါသည်။