![E Book](http://trues.com.mm/cdn/shop/products/truesecommerceebook_{width}x.jpg?v=1627975510)
E Book
တစ်အုပ်တွင် စာမျက်နှာ၂၀ ပါဝင်ပြီး တစ်မျက်နှာချင်းစီကို အသေးစိတ် ဖော်ပြရေးသားထားပေးပါတယ်။
စာမျက်နှာ (၁)
ပထမဆုံး စာမျက်နှာက WhiteBoard လေးပါ။ ရေးလိုက်ဖျက်လိုက်လုပ်ဖို့ Soft Pen🖍 လေးလည်း ပါပါတယ်။
စာမျက်နှာ (၂) နှင့် (၄)
A to Z စာလုံးအသံထွက်လေးများနဲ့ဖွဲ့စည်းထား
အကောင်လေးတွေရဲ့အခေါ်ဝေါ်အသစ်လေးများကိုသင်ကြားပေးမယ်။
စာမျက်နှာ (၃)
Look the picture and learn the words
ပုံလေးကို ကြည့်ပြီး ပေးထားသော words တွေထဲက အဖြေမှန်ကို ရွေးရမှာပါ။
စာမျက်နှာ (၅)
Arithmetic formula ,Arithmetic table နဲ့ by heart လေ့လာလို့ ရသလို သင်္ချာကို လွယ်ကူစွာ မှတ်သားနိုင်ရန် လွယ်ကူသော တွက်နည်းများ ရေးသားပြထားပါတယ်။
စာမျက်နှာ (၆)
1 to 10 တွက်ချက်ပုံတွေကိုလည်း လက်ချောင်းလေးများနဲ့ ပုံသဏ္ဍာန်ပြသ သင်ယူလေ့လာနိုင်သလို
အပေါင်း/အနုတ်/အမြှောက်/အစား/အလီတွက်ချက်ပုံများကို တစ်ခုချင်းနားလည်လွယ်အောင်သင်ပြ နိုင်ပါတယ်။
စာမျက်နှာ (၇)
find out shadow and connect အကောင်လေးနဲ့ သူ့အရိပ်လေးကိုတွဲပေးမယ်။
စာမျက်နှာ (၈)
အသီးလေးများနှင့်ပက်သက်လို့လည်း အခေါ်အဝေါ်များကို မြန်မာလိုစာလုံးပေါင်းအသံထွက်တွေနဲ့ အင်္ဂလိပ်လို အသံထွက် စာလုံးပေါင်းများပါ အတူယှဉ်တွဲလေ့လာရင်းသင်ယူနိုင်ပါပြီ ။
စာမျက်နှာ (၉)
where is my home ?
တိရိစ္ဆာန်လေးတွေကို ပျောက်နေတဲ့ သူတို့အိမ်လေးတွေရှာပေးမယ်။
စာမျက်နှာ (၁၀)
ကုန်းနေ/ရေနေ သတ္တဝါများကိုလည်း အကောင်လေးတွေရဲ့ အသံထွက်နဲ့တကွထည့်သွင်းထားသလို မပျင်းရအောင် ဥာဏ်စမ်းလေးတွေလည်းပါ၀င်တယ်လေ။
စာမျက်နှာ (၁၁)
Big or Smallအရွယ်အစား ခွဲခြားမယ်။
စာမျက်နှာ (၁၂)
Transportation-ကား၊ သင်္ဘောနဲ့ ရထား စတာတွေကို ပုံနဲ့အင်္ဂလိပ်စာအသံထွက် အဲဒီယာဉ်တွေရဲ့ မြည်သံကိုပါတွဲဖက်ဖော်ပြ ပေးထားပါတယ်။
စာမျက်နှာ (၁၃)
Count and find outအရေအတွက်တူတာလေး တွဲပေးမယ်။
စာမျက်နှာ (၁၄)
ကိုယ့်မိသားစု၀င်တွေကို အင်္ဂလိပ်လိုဘယ်လိုခေါ်ကြမလဲ ။ မိသားစု၀င်တွေရဲ့အလုပ်အကိုင်တွေကိုပါ ရင်းနှီးကျွမ်း၀င်စေတာပါတယ်။
စာမျက်နှာ (၁၅)
Where is unreasonable in the picture
ဘယ်အကောင်လေးက ဘယ်နေရာမှာရှိရမှာလဲ
မှားနေတဲ့ နေရာလေးတွေ ထောက်ပြမယ်။
စာမျက်နှာ (၁၆)
ပုံပြင်လေးတွေကိုလည်း မြန်မာလို နားထောင်နိုင်ပြီး
သီချင်းလေးတွေ ပါ၀င်တဲ့အတွက် လိုက်ဆိုမှတ်သားဖို့ လွယ်ကူစေမှာပါ။
စာမျက်နှာ (၁၇) နှင့် (၁၈)
ပုံပြင် ၄ ပုဒ် ရဲ့စာသားလေးတွေလည်းပါလို့ ကိုယ်တိုင် ဖတ်ပြပေးလို့လည်းရပါတယ်
စာမျက်နှာ (၁၉)
Find and Make Out
အဝိုင်းလေးထောင့်လေးတွေကို မတူညီတဲ့ color ချယ်ရမှာပါ
စာမျက်နှာ (၂၀)
အင်္ဂလိပ်သီချင်း ကလေးတွေအကြိုက်(15)ပုဒ်ပါ ပါတယ်
သင့်တော်သော အသက်အရွယ်
၂ နှစ်မှ ၉ နှစ် အရွယ်များ
‼️Page တိုင်းမှာ အဖွင့်အပိတ် ခလုတ်လေးတွေပါပါတယ်ရှင့်
‼️စာမျက်နှာတိုင်းတွင်ခလုတ်ပါဝင်ပြီး
စတင်သင်ယူမယ်ဆို စာမျက်နှာ တစ်ခုခြင်းစီက
Start ခလုတ်လေး နှိပ်ဖို့ မမေ့ပါနဲ့နော်
AAA size ဓာတ်ခဲ (၃) လုံးထည့် သုံးရပါမည်။