![C02 - Stroller (Red)](http://trues.com.mm/cdn/shop/products/C02-strollerRed_{width}x.jpg?v=1664775826)
C02 - Stroller (Red)
မွေးစမှ (၃) နှစ်အရွယ်ကလေးများအထိအသုံးပြုနိုင်တဲ့ ကလေးတွန်းလှည်းလေးဖြစ်ပါတယ်။
ထိုင်စီးတဲ့အချိန်မှာလည်းအဆင်ပြေသလို အိပ်စီးတဲ့အခါမှာလည်း သက်တောင့်သက်သာရှိစေပါတယ်။
အပေါ်အမိုးအုပ်လေးလည်းပါပါတယ်။
အောက်ခံအခင်းလည်းပါရှိလို့ မတော်တဆ ရှုးရှုးစိုတာဖြစ်ခဲ့ရင်လည်း အောက်ခံလေးကိုပဲလျှော်ရုံပါပဲ။
ရှေ့ဘီးမှာ ၃၆၀ဒီဂရီလှည့်လို့ရလို့ အကွေ့အဝိုက်နေရာများမှာအဆင်ပြေစွာတွန်းနိုင်ပါတယ်။
အောက်ခြေတွင် ကလေးပစ္စည်းအတိုအထွာလေးများထည့်ရန် ခြင်းလေးပါဝင်ပါတယ်။
ရေဘူးထည့်ရန်အကန့်လေးလည်းပါဝင်ပြီး အနီးအဝေးအထိန်းကြိုးလေးတွေလည်းပါဝင်ပါတယ်။
နောက်ဘီးတွင်ဘရိတ်ပါလို့ ရပ်ထားချိန်များမှာအန္တရာယ်ကင်းစေပါတယ်။
ရင်သိုင်းကြိုးခါးသိုင်းကြိုးများပါဝင်လို့ ကလေးအတွက်လည်း Safe ဖြစ်စေပါတယ်။
ခလုပ်လေးနှိပ်ရုံနဲ့ အလွယ်တကူခေါက်သိမ်းလို့ရပါတယ်။
ကလေးအရပ်ပေ ၂ ပေ အရွယ်ထိ လှဲအိပ်အနေအထားဖြင့် အသုံးပြုနိုင်ပါသည်။