Brain Development ( 6 Books) ကလေးတို့ ဉာဏ်ရည် ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့
(၃) နှစ်အထက် ကလေးတို့ ဉာဏ်ရည် ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူပြုမယ့် Brain Development Activity စာအုပ်လေးတွေပဲဖြစ်ပါတယ်။ စုစုပေါင်း(၆) အုပ် ပါဝင်ပါတယ်။
1. Logic and Reasoning ( စဉ်းစားတွေးခေါ်မှုစွမ်းရည် အားကောင်းစေဖို့)
2. Attention and Focus (ိတ်တည်ငြိမ်ပြီး အာရုံစိုက်မှုအားကောင်းစေဖို့)
3. General Knowledge & Science (ဗဟုသုတစုံလင်ပြီး သိပ္ပံနည်းကျ တွေးခေါ်တတ်စေဖို့)
4. Numbers and Math (ကိန်းဂဏန်းအခြေခံနှင့် သင်္ချာစွမ်းရည် တိုးတက်စေဖို့)
5. Creativity & Imagination (တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးဉာဏ်အားကောင်းစေဖို့)
6. Language & Words (ဘာသာစကားနဲ့ စကားလုံးများ ကြွယ်ဝစေဖို့)
Logic and Reasoning
Logic and Reasoning စာအုပ်လေးကတော့ သားသားမီးမီးလေးတို့ရဲ့ စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို အားကောင်းလာစေဖို့ အထောက်အကူပေးမယ့် စာအုပ်လေးဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ ပြဿနာတစ်ခုကြုံလာတဲ့အခါ ဇဝေဇဝါမဖြစ်ဘဲ အမှားအမှန်၊ အကျိုးအကြောင်းကို ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီး အဖြေရှာနိုင်တဲ့ သူလေးတွေဖြစ်လာအောင် ဒီစာအုပ်လေးကနေ စတင်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။
Attention and Focus
Attention and Focus စာအုပ်လေးကတော့ သားသားမီးမီးလေးတို့ စိတ်တည်ငြိမ်ပြီး အာရုံစိုက်မှုစွမ်းရည်အားကောင်းလာစေဖို့ရာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပေးမယ့်စာအုပ်လေးပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ ကစားနည်းလေးတွေနဲ့ လေ့ကျင့်သင်ကြားရင်း နောက်ပိုင်း ကလေးတို့စာဖတ်တဲ့အခါ၊ လေ့လာသင်ယူတဲ့အခါမှာ အလွယ်တကူ အာရုံမပျံ့လွင့်ဘဲ ဇွဲရှိရှိနဲ့ အာရုံစူးစိုက်လုပ်ဆောင်တတ်လာအောင် လေ့ကျင့်ပေးသွားနိုင်မှာပဲဖြစ်ပါတယ်။
General Knowledge & Science
General Knowledge & Science စာအုပ်လေးကတော့ ကလေးတို့အရွယ်မှာ သိသင့်တဲ့ အထွေထွေဗဟုသုတလေးတွေကို ပျော်ရွှင်ဖွယ်ရာ ဂိမ်းလေးတွေဆော့ကစားရင်း၊ အမေးအဖြေလေးတွေလုပ်ရင်း သင်ကြားပေးနိုင်မယ့် စာအုပ်လေးပဲဖြစ်ပါတယ်။
Numbers and Math
Numbers and Math စာအုပ်လေးကတော့ (၃)နှစ်အထက်ကလေးငယ်များကို ကိန်းဂဏန်းတွေရဲ့ သဘောသဘာဝ နဲ့ အပေါင်းအနုတ်သဘောတရားလေးတွေကို အခြေခံကစပြီး အလွယ်တကူ သင်ကြားပေးနိုင်မယ့် စာအုပ်လေးပဲဖြစ်ပါတယ်။
Creativity & Imagination
Creativity & Imagination စာအုပ်လေးကတော့ သားသားမီးမီးလေးတွေရဲ့ အတွေး၊ စိတ်ကူးလေးတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတတ်လာအောင်၊ ကိုယ်ပိုင်ဖန်တီးမှုလေးတွေကို ယုံကြည်ချက်အပြည့်နဲ့ လုပ်ဆောင်တတ်လာအောင် လေ့ကျင့်သင်ကြားပေးမယ့် စာအုပ်လေးပဲဖြစ်ပါတယ်။
Language & Words
Language & Words စာအုပ်လေးကတော့ ဘာသာရပ်တစ်ခုကိုသင်ကြားရတာဟာ ပျော်ရွှင်စရာပါဆိုတာကို ကလေးတို့သိရှိအောင် ဖန်တီးပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာတော့ အင်္ဂလိပ်စာဝေါဟာရလေးတွေ၊ စကားလုံးအသုံးအနှုန်းလေးတွေနဲ့ သင်ခန်းစာဂိမ်းလေးတွေမျိုးစုံပါဝင်ပြီး ထိုသင်ခန်းစာလေးတွေကို ကလေးတို့ပျော်ပျော်ရွှင်ရွှင်နဲ့ လွယ်လွယ်ကူကူသင်ကြားလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
1 Books Pages: 16 (6 Books)
Size: 6.2 x 8.5 inches