အသစ်တွေသင်ယူဖို့ကြောက်သူလေး (New Size)

အသစ်တွေသင်ယူဖို့ကြောက်သူလေး (New Size)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ဆီမှာ အရာဝတ္ထုအသစ်တွေကို စမ်းသပ်ကြည့်ရမှာကြောက်တဲ့၊ စားစရာအသစ်တွေကို စားရမှာကြောက်တဲ့ သားသားမီးမီးလေးတွေရှိကြမှာပါ။

ကလေးဆိုတာမျိုးက သူတို့မသိသေးတဲ့ စားစရာအသစ်တွေ၊ လုပ်စရာအသစ်တွေကို စားရဲကြမှာ၊ လုပ်ရဲကြမှာမဟုတ်ပါဘူး။ ဒီလိုမျိုး အသစ်တွေကိုသာ စမ်းသပ်ဖို့အမြဲကြောက်နေခဲ့မယ်ဆိုရင် အသက်ကြီးလာတဲ့အခါမှာလည်း အကျင့်ပါပြီး အသစ်သောအရာတွေကို စမ်းသပ်ဖို့ကြောက်နေပါလိမ့်မယ်။

 ဒီလိုဆိုရင် သူတို့လေးတွေအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးကုန်နိုင်ပါတယ်။ ဒီစာအုပ်လေးထဲမှာတော့ အသစ်တွေကိုသင်ယူဖို့မကြောက်အောင် ချစ်စရာကောင်းတဲ့ ဘန်နီလေးနဲ့ပုံဖော်ရေးသားထားပါတယ်။

စာအုပ်လေးကိုဖတ်ပြပေးခြင်းဖြင့် သားသားမီးမီးလေးတို့ရဲ့ အသစ်သောအရာတွေကို သင်ယူရမှာကြောက်နေတဲ့စိတ်တွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်း ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။