သူရဲကောင်းပါးစီးယက်စ်နှင့် မြွေဆံပင်ခေါင်းပိုင်ရှင် မဒူဆာ
သူရဲကောင်းပါးစီးယက်စ်နှင့် မြွေဆံပင်ခေါင်းပိုင်ရှင် မဒူဆာ

သူရဲကောင်းပါးစီးယက်စ်နှင့် မြွေဆံပင်ခေါင်းပိုင်ရှင် မဒူဆာ

Regular price MMK 4,500 MMK 0 Unit price per
Shipping calculated at checkout.
- +
ဒီစာအုပ်လေးကတော့ ဆုံးဖြတ်ချက်ခိုင်မာတဲ့အခါ ဘယ်လောက်ခက်ခဲတဲ့အရာကိုပဲဖြစ်ဖြစ်
ကျော်လွှားအောင်မြင်နိုင်တယ်ဆိုတာ ပြသပေးထားတဲ့ သူရဲကောင်းစာအုပ်လေးဖြစ်ပါတယ်။
ကလေးတို့ရင်ထဲမှာ ကျွန်မတို့မိဘတွေတောင်မသိနိုင်တဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေရှိနေနိုင်ပါတယ်။
ဒီလိုသူရဲကောင်းပုံပြင်လေးတွေကိုဖတ်ပြမယ်ဆိုရင်တော့ ကလေးတွေရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေနေရာမှာရဲရင့်တဲ့စိတ်တွေကိုမွေးမြူပေးရာရောက်ပြီး သူတို့လေးတွေဟာ တတ်တတ်ကြွကြွနဲ့ လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

ဒီပုံပြင်စာအုပ်လေးထဲမှာ...
ပါးစီးယက်စ်ဆိုတဲ့လူငယ်လေးဟာ သူရဲကောင်းစစ်သည်တော်ပေါင်းများစွာ ကျရှုံးခဲ့တဲ့ မိစ္ဆာဂေါ်ဂန် (၃)ပါးထဲက တစ်ပါးဖြစ်တဲ့ အစွမ်းထက်လှတဲ့ မဒူဆာကို ဘယ်လို အင်အားတွေနဲ့ အနိုင်ယူတိုက်ခိုက်ခဲ့သလဲ၊ သူ့ရဲ့စိတ်နေစိတ်ထားကို ဘယ်လိုထားရှိခဲ့သလဲဆိုတာ ကလေးတို့လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီစာအုပ်လေးကိုဖတ်လိုက်တဲ့အခါ ကလေးတို့အတွက် တစ်ထောင့်တစ်နေရာမှနေ စိတ်ဓာတ်ခွန်အားရရှိလိမ့်မယ်လို့ယုံကြည်ပြီး True learning မှ ထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။

Customer Reviews

Based on 2 reviews Write a review