ရည်မှန်းချက်ခိုင်မြဲသူလေး (New Size)

ရည်မှန်းချက်ခိုင်မြဲသူလေး (New Size)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

မိဘဆိုတာ ကိုယ့်သားသမီးတိုင်းကို ကိုယ်တိုင်ပြုစုပျိုးထောင်ပြီး ကိုယ်ဖြစ်စေချင်တဲ့ အနာဂတ်အတိုင်း ပုံဖော်ပေးချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် မိဘတိုင်း မေ့နေတတ်တာတစ်ခုက ကလေးငယ်တိုင်းမှာ သူ့ကျွမ်းကျင်ရာ၊လိမ္မာရာ၊ဝါသနာပါရာ အရည်အချင်းကောင်းလေးတွေ ရှိနေတတ်ပါတယ်။

ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ၊တော်ပြီးထက်မြက်နေပါစေ ဝါသနာပါတဲ့အရာမှသာ အောင်မြင်စေမှာပါ။ သူတို့ဝါသနာပါရာလေးကို ပံ့ပိုးအားပေးပြီး မြေတောင်မြှောက်ပေးမှသာ သူတို့ရည်မှန်းချက်အတိုင်း ပိုမိုထူးချွန်တဲ့ နိုင်ငံ့ရတနာလေးတွေ ဖြစ်လာမှာပါ။

ဒါ့ကြောင့် ဒီစာအုပ်ကလေးကို ဖတ်ပြရင်းနဲ့ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက် အစစ်အမှန်တွေကို သူတို့ကိုယ်တိုင် ရှာဖွေပြီး ပုံဖော်ဖန်တီးပေးဖို့ မိဘတွေအားလုံး အားပေးလိုက်ကြရအောင်ပါလားရှင်။

ဒါ့အပြင် စာဖတ်ရင်းသားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Pages - 16