
မေမေ့ကိုချစ်တယ် (I Love You Mommy)
Regular price
MMK 3,800
Shipping calculated at checkout.
လောကကြီးမှာ မိခင်မေတ္တာဆိုတာ ဖော်ကျူးလိုကိုမကုန်နိုင်ပါဘူးနော်။ ဒါပေမယ့်ကျွန်မတိုက မေမေတွေရဲ့ မေတ္တာကို နေ့စဉ်နေ့တိုင်း အမြဲမပြတ်ရနေတော့ တန်ဖိုးထားဖို၊ သတိပြုမိဖို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ကျွန်မတိုရဲ့ သားသားမီးမီးလေးတွေကို မေမေတိုရဲ့ မေတ္တာစေတနာတွေကို ခံစားမိပြီး အမြဲအမှတ်ရနေရအောင်၊ မေမေ့ကိုချစ်ကြောင်း ဖော်ပြတတ်စေဖိုလည်း ရည်ရွယ်ရင်းပေါ့။
ဒီစာအုပ်လေးကို ကျွန်မက “အမေများနေ့” မှာ ကျွန်မရဲ့မေမေ့ကိုချစ်တဲ့အချစ်တွေကို ဖော်ကျူးရင်း အမှတ်တရလေးလည်းဖြစ်အောင် ရေးသားထားတာပါ။ ကျွန်မတိုရဲ့ သားသားမီးမီးလေးတွေလည်း အမေများနေ့ရောက်တိုင်း မေမေတွေရဲ့ အချစ်တွေကိုခံစားမိစေဖိုပါ။
ဒါဆိုရင် ဒီ “မေမေ့ကိုချစ်တယ်‘ စာအုပ်လေးဖတ်ပြရင်း မေမေနဲ့ သားသားမီးမီးတိုတွေ ပျော်စရာအချိန်လေးတွေပိုင်ဆိုင်ပြီးတော့ ချစ်ခြင်းတွေမျှဝေနိုင်ကြပါစေနော်။
Pages - 16
Customer Reviews
Based on 1 review
Write a review