
မိဘကိုပြစ်မှား၍အရှင်လတ်လတ်ငရဲကျသူ (မိတ္တဝန္နက)
Regular price
MMK 5,400
Shipping calculated at checkout.
ဒီပုံပြင်ကလေးတော့ သားသားမီးမီးလေးတွေကို မိုက်မဲတဲ့အပြုအမူတွေ မသိနားမလည်လိုက်လို့ ပြုလုပ်လိုက်မိတယ်ဆိုတာမျိုး မဖြစ်ရလေအောင်၊ လူကြီးမိဘတွေအပေါ် ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားမိပြီး အပြစ်ခံရသူလေးတွေ မဖြစ်ရလေအောင် လမ်းညွှန်ဆုံးမ သင်ကြားပြသပေးသွားမယ့် ပညာပေးပုံပြင်လေးဖြစ်ပါတယ်။
ဘယ်လိုလုပ်ဆောင်ချက်တွေဟာ ကြမ်းတမ်းရိုင်းစိုင်းပြီး အပြစ်ကြီးတယ်။ ဘယ်လိုလုပ်ဆောင် ချက်တွေဟာ ကိုယ့်ဘဝအတွက် အေးချမ်းသာယာစေနိုင်တယ်ဆိုတာကိုလည်း ဒီပုံပြင်လေးကို ဖတ်ပြီးကလေးတို့ သိရှိနားလည်လာစေမှာပါ။
ဒါ့အပြင် ကုသိုလ်ရဲ့အကျိုး၊ အကုသိုလ်ရဲ့အပြစ်ကိုလည်း သားသားမီးမီးလေးတွေနားလည်အောင် ဒီပုံပြင်လေးထဲမှာရှင်းပြထားတာဖြစ်လို့ လိမ္မာယဉ်ကျေးတဲ့ သူတော်ကောင်းလေးတွေဖြစ်လာစေဖို့လမ်းညွှန်ပြသပေးနိုင်မယ့် ပုံပြင်ကောင်းလေးပဲဖြစ်ပါတယ်။