မနာလိုသူလေး
Regular price
MMK 4,800
Shipping calculated at checkout.
ဖေဖေမေမေတို့ နောက်ထပ် ရင်သွေးလေးထပ်ယူတော့မယ်ဆိုရင် အရင်ဆုံးမွေးတဲ့ သားဦး လေးတွေက နောက်ထပ်ရလာမယ့် အငယ်လေးတွေလောက် သူတို့ကိုမချစ်တော့မှာ ဂရုမစိုက်တော့မှာကို စိုးရိမ်တတ် ကြပါတယ်။
ဒီစာအုပ်လေးကတော့ သားဦးလေးတွေရဲ့ စိုးရိမ်စိတ်တွေကို ဖျောက်ပေးပြီး မောင်နှမတွေဆိုတာ အရင်းနှီးဆုံး ချစ်ရတဲ့ မိသားစုဝင်တွေဆိုတာ သိရှိသွားစေမှာပါ။
မိသားစုရိပ်မြုံလေး အချစ်တွေအပြည့်နဲ့ တည်မြဲနေစေဖို့ ရင်သွေးထပ်ယူမယ့် ဖေဖေမေမေတိုင်း သားသမီးဦးတွေကို ဝယ်ဖတ်ပြသင့်တဲ့စာအုပ်လေးပါ။
ဒါ့အပြင် စာအုပ်လေးဖတ်ရင်း သားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်စေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။