ဒေါသအိုးကွဲလေးတို့ စိတ်ကိုထိန်းချုပ်တတ်စေဖို့ (ဓမ္မပဒပုံပြင်များ အတွဲ-၁)
Regular price
MMK 6,500
Shipping calculated at checkout.
လောကကြီးမှာ ဒေါသမထွက်ဖူးတဲ့သူဆိုတာမရှိပါဘူး။ ဒါပေမဲ့ ဒေါသစိတ်ကိုအလွန်အကျွံမဖြစ်အောင် ထိန်းချုပ်နိုင်ဖိုတော့လိုပါတယ်။ ဒေါသစိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ ဒီဒေါသစိတ်ဟာ ကိုယ်ကိုယ်တိုင်ကိုရော၊ ကိုယ်ချစ်ရတဲ့သူတွေကိုပါ ပူလောင်စေပါတယ်။ ဒေါသကြီးသူနားမှာ ဘယ်သူမှကြာကြာမနေနိုင်ကြလို ဒေါသကြီးသူတွေဟာ နောက်ဆုံးမှာ တစ်ကိုယ်တည်း အထီးကျန်သူတွေဖြစ်ကြရပါတယ်။ ဒေါသစိတ်ဟာ ဘယ်လောက်အန္တရာယ်များလဲဆိုရင် အသက်အန္တရာယ်ထိပါ ထိခိုက်စေနိုင်တာပါ။
ဒါကြောင့် သားသားမီးမီးလေးတွေကိုလည်း ဒေါသစိတ်ကြောင့် ဒုက္ခမရောက်ရစေအောင်၊ ဒေါသစိတ်ကို ထိန်းချုပ်နိုင်တဲ့ နူးညံ့သိမ်မွေ့တဲ့သူလေးတွေဖြစ်စေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပုံပြင်စာအုပ်လေးကိုရေးသားထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။
Size: 7.2" x 9.5"
Pages: 40
Customer Reviews
Based on 2 reviews
Write a review