အန္တရာယ်ရှိသောအလှအပ

အန္တရာယ်ရှိသောအလှအပ

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

ကျွန်မတို့မိဘတွေက ကိုယ့်ရဲ့ သားသမီးလေးတွေကို သူများတွေထက် ပိုလှစေချင်ကြတယ်။ ပိုတော်စေချင်ကြတယ်။ ပိုတတ်စေချင်ကြတယ်။ ဒါကလည်း ကျွန်မတို့မိဘတွေ သူတို့လေးတွေအပေါ်မှာ ချစ်တဲ့စိတ်ကြောင့် ကိုယ့်သားသမီးကို အကောင်းဆုံးဆိုတာတွေပဲ ပေးချင်တာ ရစေချင်တာသဘာဝပါပဲ။

ဒါပေမယ့် ကလေးဆိုတဲ့အမျိုးက ကိုယ့်ဆီမှာရှိတာထက် သူများဆီမှာရှိတာကမှ ပိုကောင်းတယ် ပိုလှတယ်လို့ ထင်တတ်ကြပြန်ပါတယ်။ ဒါကလည်း သူတို့သဘာဝပဲမို့ ကျွန်မတို့မိဘတွေက အပြစ်လို့တော့ ဆိုလို့မရပါဘူး။

ကလေးလေးတွေက သူတို့ သူငယ်ချင်းတွေဆီက အသစ်အဆန်းလှလှပပလေးတွေကို တွေ့ရင် လိုချင်ကြတာကလည်း ကလေးတို့ရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ တစ်ခါတလေမှာ ဖေဖေမေမေတွေက လှစေချင်လို့ ဆင်ယင်ပေးလိုက်တဲ့ အချို့သောအရာတွေဟာ ကလေးလေးတွေအတွက် အန္တရာယ်ဖြစ်စေတယ်ဆိုတာကို "အန္တရာယ်ရှိသောအလှအပ” စာအုပ်လေးထဲမှာ ဖော်ပြပေးထားပါတယ်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်း ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Customer Reviews

Based on 1 review Write a review