မျက်ရည်လွယ်သူလေး

မျက်ရည်လွယ်သူလေး

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

ယောင်္ကျားလေးလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် ဝမ်းနည်းတတ်တာကတော့ သဘာဝပါပဲ။ ဒါပေမဲ့တစ်ခါတလေမှာ တစ်ချို့ သားသားမီးမီးလေးတွေက လိုအပ်တာထပ်ပိုပြီး စိတ်ခံစားလွယ်လွန်းတတ်ကြပါတယ်။

ထစ်ခနဲဆို မျက်ရည်ကအလိုလိုကျလာတတ်တဲ့ ကလေးလေးတွေရဲ့ စိတ်က ကြာလာရင် အလိုလို အားနည်းလာနိုင်ပါတယ်။ ဝမ်းနည်းတတ်တာကို အပြစ်မမြင်ပေမယ့် အခက်အခဲကြုံလာတိုင်း ငိုနေရုံနဲ့ မပြီးဘူးဆိုတာ သားသားမီးမီးလေးတွေ သိဖို့ သင့်ကြား ပြောပြပေးရမှာပါ။

ဒီ “မျက်ရည်လွယ်သူလေး”ဆိုတဲ့ ပုံပြင်စာအုပ်လေးကို ဖတ်ပြခြင်းအားဖြင့် သူတို့လေးတွေ စိတ်ဓာတ်ကြံ့ခိုင်လာစေမှာဖြစ်ပြီး အရွယ်ရောက်လာကြတဲ့အခါ အခက်အခဲတွေ ပြဿနာတွေကို ကိုယ်တိုင် ကြံ့ကြံ့ခိုင်ဖြေရှင်းလာနိုင်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စာဖတ်ရင်းသားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။