မထိရ

မထိရ

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ ကျွန်မတို့ မိဘတွေက ကိုယ်ကိုယ်တိုင် ပိုးမွေးသလိုမွေးထားရတဲ့ ကျွန်မတို့ ကလေးလေးတွေကို ဘယ်လို အန္တရာယ်မျိုးနဲ့မှ မကြုံတွေ့စေချင်ကြပါဘူး။

သားသားမီးမီးလေးတွေ ဖျားရင်တောင် သူတို့လေးတွေအစား ကျွန်မတို့ မိဘတွေက အစားထိုးပြီးဖြစ်လိုက်ချင်ကြတယ်မဟုတ်ပါလား။

ဒါပေမယ့် သားသားမီးမီးလေးတွေကို ချစ်လွန်းလို့ဆိုပြီး ကျွန်မတို့မိဘတွေက တစ်သက်လုံးကိုယ့်မျက်စိအောက်မှာပဲ ထားလို့ကလည်းမဖြစ်ပြန်ပေဘူးလေ။

ကျွန်မတို့မိဘတွေက စားဝတ်နေရေးအတွက် လှုပ်ရှားနေကြတဲ့အချိန်မှာ ကျွန်မတို့ သားသားမီးမီးလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဘယ်အချိန်၊ ဘယ်လိုနေရာကမှန်းမသိ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ ၊ မသမာမျက်လုံးတွေကလည်း ရှိနေပြန်ပါတယ်။

အဲဒီတော့ သားသားမီးမီးလေးတွေကို ကျွန်မတို့ မိဘတွေရဲ့ မျက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွေကာကွယ်ရမလဲ ၊ အန္တရာယ်နဲ့တွေ့လာရင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုအပြုအမူတွေက ကိုယ့်အတွက် အန္တရာယ်လည်းဆိုတာကို ကျွန်မတို့ရဲ့ သားသားမီးမီးလေးတွေ ရှင်းရှင်းလင်းလင်း သိမြင်စေဖို့ အလွန်ကို အရေးကြီးပါတယ်။

“ မထိရ ” စာအုပ်လေးထဲမှာ သားသားမီးမီးတို့ခန္ခာကိုယ်မှာ သူစိမ်းသူတွေ မထိရမယ့်နေရာတွေကို သေချာစွာဖော်ပြပေးထားပါတယ်။ “မထိရ” စာအုပ်လေးကို ဖေဖေမေမေတို့က အခုပဲ ဖုန်းဆက်မှာယူပြီး သားသားမီးမီးလေးတွေကို ဖတ်ပြပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Customer Reviews

Based on 1 review Write a review