စာဖတ်ပျင်းသူလေး (New Size)

စာဖတ်ပျင်းသူလေး (New Size)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ စကားလေးအတိုင်း ကျွန်မတို့ရဲ့ သားသားမီးမီးလေးတွေဟာ ကျောင်းစာတွေအပြင် ပြင်ပဗဟုသုတရဖွယ် စာပေတွေကိုလည်း ဖတ်ရှု့လေ့လာသင့်ပါတယ်။

ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေကို စာပေဗဟုသုတကြွယ်ဝတဲ့ ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။ စာပေကို စိတ်ဝင်တစားဖတ်ရှုလေ့လာတတ်တဲ့ ကလေးဖြစ်အောင်တော့ စာမဖတ်တတ်သေးတဲ့ အရွယ်လောက်ကတည်းက စာအုပ်နဲ့ မစိမ်းစေဖို့ မိဘတွေက စာဖတ်ပြပေးဖို့ လိုပါတယ်။

ဒါမှသာ စာအုပ်ထဲမှာ သူတို့မသိသေးတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေရှိတယ်ဆိုတာကို ကလေးတွေကသိပြီး စာဖတ်ဖို့ မပျင်းတော့မှာပါ။ “စာဖတ်ပျင်းသူလေး”ဆိုတဲ့ ပုံပြင်စာအုပ်လေးက ကလေးလေးတွေ စာဖတ်ခြင်းရဲ့ အရေးကြီးမှုကို နားလည်စေနိုင်ဖို့ ကူညီလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Pages- 16

Customer Reviews

Based on 1 review Write a review