ကလေးတို့အတွက် ပညာပေးတောတွင်းပုံပြင်များ(၁)
ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားဟာ ငယ်စဉ်အရွယ်မှာ ဖတ်ရှုမိတဲ့ ပုံပြင်တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေဖတ်ဖို ပုံပြင်စာအုပ်လေးတွေကိုရွေးချယ်ပေးမယ်ဆိုရင် ဖေဖေမေမေတို့က သေချာ စိစစ်ရွေးချယ်ပေးဖို အလွန်ပဲအရေးကြီးပါတယ်။ ပညာပေးတောတွင်းပုံပြင်များ (၁) စာအုပ်လေးကတော့ ကလေးတို့အတွက် ချစ်စဖွယ်တောတွင်း တိရစ္ဆာန်လေးတွေပါဝင်တဲ့ ပညာပေးပုံပြင်စာအုပ်လေးပဲ ဖြစ်ပါတယ်။
ဒီစာအုပ်လေးဟာဆိုရင် ကလေးတို့ကို
- အပြောအဆို၊အပြုအမူ ယဉ်ကျေးလိမ္မာအောင်
- အပေါ်ယံအလှအပကို အလွန်အကျွံမမက်မောတတ်အောင်
- ဘေးအန္တရာယ်တွေကို ဉာဏ်နဲ့ယှဉ်ပြီး ရင်ဆိုင်တတ်အောင် အပြင်
- အရာရာကို အမြော်အမြင်ရှိရှိ ပြင်ဆင်တတ်အောင် ကိုလည်း သားသားမီးမီးလေးတိုသိရှိနားလည်လာစေဖို လမ်းညွှန်သင်ကြားပေးမယ့် ပုံပြင်ကောင်းလေးတွေပါဝင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်။
Size: 6.2" x 8.5"
Pages: 40