ဆိုပါပျော်စရာ ကခ ကဗျာ
ဆိုပါပျော်စရာ ကခ ကဗျာ

ဆိုပါပျော်စရာ ကခ ကဗျာ

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

"ကကြီး ကားလေး လမ်းမှာပြေး ဟွန်းသံ တီတီပေး..." ကလေးတွေ ကို စာသင်ပေးမယ်...ဒါပေမယ့် မပျင်းရိရအောင် သင်ပေးရမယ်... ကဲ...အဲ့မှာပဲ မေမေတို့ ခေါင်းစားရပါပြီ... ကလေးဆိုတဲ့အမျိုးက အမြဲတမ်း အသစ်အဆန်းကို သိချင်စိတ်ဝင်စားချင်တဲ့အမျိုးမို့ သူတို့စိတ်ဝင်စားမှုကိုရလာအောင် သင်ကြားပေးရတာ တော်တော်လေး အကြပ်ရိုက်တာ တကယ်နော်... ဒါ့ကြောင့် သူတို့လေးတွေ နားစွဲလွယ်ပြီး သူတို့ စိတ်ဝင်စားမယ့် ၊ပျော်မယ့်နည်းနဲ့ စာသင်ပေးဖို့ အကောင်းဆုံးအရာက ??? ကဗျာ ပေါ့...ဟုတ်ပါတယ် ကဗျာလေးတွေနဲ့ သင်ယူစေခြင်းပါ... စာလုံးပေါင်းရာချီထက် ကဗျာပေါ့ပေါ့ပါးပါးလေးတစ်ကြောင်းက ပိုနားစွဲလွယ်တာမို့ ကဗျာရွတ်ရင်း စာသင်ဖို True Learningရဲ့ "ဆိုပါ ပျော်စရာ ကခကဗျာ" စာအုပ် လေးကို ကဗျာချစ်တဲ့ကလေးတို့အတွက် အသစ်စက်စက် ထုတ်လိုက်ပြီနော်... ဒီ "ဆိုပါ ပျော်ပါ ကခကဗျာ" စာအုပ်ထဲမှာဆိုရင် သားသားမီးမီးတွေ ကိုယ်တိုင် က ကနေ အ အထိ အက္ခရာတွေကို ကဗျာလေးတွေလို ရွတ်ဆိုနေရင်း မှတ်သားနိုင်သွားမှာပါ... - က-အ အက္ခရာစဉ်တွေ - ‌ဆိုရ မှတ်သားရ လွယ်ကူတဲ့ True Learning မူပိုင် ကဗျာစာပိုဒ်လေးတွေ - ကဗျာစာပိုဒ်နဲ့ အညီ ကလေးတွေရဲ့ အမြင်အာရုံကို ဖမ်းစားမယ့် ကာလာစုံ ရုပ်ပုံလေးတွေ စတဲ့ ဖန်တီးမှုမျိုးစုံပါ၀င်တဲ့ ကဗျာစာအုပ်ကောင်းလေးဖြစ်တာမို သားသားမီးမီးလေးတွေကို မြန်မာအက္ခရာ‌နဲ့ မြန်မာစကားလုံးလေးတွေ သင်ကြားတဲ့နေရာမှာ အထောက်အကူကောင်းတစ်ခု ဖြစ်မှာ အသေအချာပါပဲနော်။ ဒါ့ကြောင့် သားသားမီးမီးလေးတွေကို အက္ခရာလေးတွေ စကားလုံးလေးတွေကို မှတ်သားနိုင်ဖို့ သင်ကြားတဲ့နေရာမှာ ကဗျာလေးတွေနဲ့ သင်ပေးမယ်ဆိုရင် ပိုပြီး မှတ်မိလွယ် သင်ကြားရလွယ်အောင် ဒီကဗျာစာအုပ် လေးနဲ့သင်ကြားပေးကြည့်နော်... သင်ပေးတဲ့မေမေလည်းပျော်၊သင်ယူတဲ့ သားသားမီးမီးတို့လည်းပျော် အမှတ်တရလေးတွေရယ်သံလေးတွေပြည့်နေတဲ့ စာသင်ချိန်လေးက ပိုပျော်စရာကောင်းမှာပါ မေမေတို့... ဒါလေးတော့ သေချာပေါက် ကို Order တင်ထားနော်။ Quality ကို လက်ကမချချင်မယ့် အရည်အသွေး အကောင်းဆုံးနဲ့ ထုတ်ထားတာမို့ စာအုပ်လက်ထဲရောက်လာမှ ဘယ်လောက်တောင် တန်လဲ သိလိမ့်မယ်...😘