အရောင်ပျောက်တဲ့ရွာ (၅အုပ်တွဲပေါင်းချုပ်)

အရောင်ပျောက်တဲ့ရွာ (၅အုပ်တွဲပေါင်းချုပ်)

Regular price MMK9,000 MMK0 Unit price per
Shipping calculated at checkout.
- +

ပုံပြင်ကြိုက်တဲ့ သားသားမီးမီးလေးတွေ တဝကြီးဖတ်ဖို့ အရောင်ပျောက်တဲ့ရွာ ပုံပြင်စာအုပ် (၅) အုပ်တွဲပေါင်းချုပ်လေးပါရှင်...

ဒီစာအုပ်လေးထဲမှာတော့ ...
ကျွန်မတို့နေထိုင်ရာကမ္ဘာကြီးဟာ အရောင်အသွေးအစုံအလင်နဲ့ အလွန်လှပနေပေမယ့် တစ်နေရာမှာတော့ အရောင်တွေကို လုံး၀မမြင်ရတဲ့ ရွာလေးတစ်ရွာရှိနေပြီး အဲ့ဒီရွာက ကလေးလေးတွေဟာ အရောင်ကိုလုံး၀မမြင်ဖူးကြဖူးတဲ့...တကယ်တော့ အရောင်ကမရှိတာမဟုတ်ဘဲ သူတို့ရွာလေးမှာ အရောင်ပျောက်သွားခဲ့တာပါ.. ဒါကိုသူတို့လေးတွေသိရှိပြီး လိုက်ရှာခဲ့ကြပုံ၊ အန္တရာယ်တွေနဲ့ကြုံတွေ့ခဲ့ရပုံ ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြပုံတို့ကို စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

စာအုပ်လေးကိုဖတ်ပြီးတဲ့အချိန်မှာတော့...
- တစ်ခါတစ်ရံမှာ လူကြီးတွေမလုပ်နိုင်တဲ့အရာတွေကို လူငယ်လေးတွေက ပြုလုပ်နိုင်ကြောင်း
- သူငယ်ချင်းတွေစည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင် လုပ်ဆောင်ခြင်းဖြင့် အခက်အခဲ ပြသနာတွေကို အောင်မြင်နိုင်ကြောင်း
- ကလေးတွေရဲ့ စူးစမ်းချင်စိတ်ကို အန္တရာယ်မရှိပါက ခွင့်ပြုစောင့်ကြည့်ပေးသင့်ကြောင်း
- တစ်ပါးသူကို ကူညီချင်သော စိတ်ထားကောင်းလေးများဖြင့် ကိစ္စရပ်တိုင်းကို ဆောင်ရွက်ပါက အောင် မြင်နိုင်ကြောင်း စတဲ့ အတွေး၊ အသိလေးတွေကို သားသားမီးမီးလေးတွေကော ဖေဖေမေမေတို့ပါရရှိလာမှာဖြစ်ပါတယ်။

စာမျက်နှာ-၁၇၄ မျက်နှာပါဝင်ပါတယ်။

Customer Reviews

Based on 2 reviews Write a review