အနိုင်ကျင့်မခံရအောင် (New Size)

အနိုင်ကျင့်မခံရအောင် (New Size)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ ကျွန်မတို့ မိဘတွေငယ်ငယ်တုန်းက ကျောင်းမှာ မောင်နှမတွေကြားမှာ သူငယ်ချင်းတွေကြားမှာ ကိုယ်ကပဲဖြစ်ဖြစ် ကိုယ့်ကိုပဲဖြစ်ဖြစ် အနိုင်ကျင့်တာမျိုးကို ကြုံခဲ့ရဖူးမှာပါ။ ကျွန်မတို့တွေ အနိုင်ကျင့်တာကို အနိုင်ကျင့်တာလို့ မသိခဲ့ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပါ။

တချို့ကလေးလေးတွေက တစ်ခါတလေမှာ ကိုယ်အနိုင်ကျင့်ခံနေရတာကို မသိကြပါဘူး။ သိခဲ့ရင်လည်း အနိုင်ကျင့်နေတဲ့သူက ကိုယ့်ထက် အင်အားကြီးနေတာမို့ ပြန်လည်းမပြောရဲ ဘယ်သူ့မှလည်း မတိုင်ရဲပဲ ငြိမ်ခံနေကြရပါတယ်။ ကိုယ်ကအနိုင်ကျင့်ခံနေရရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့ လိုပါတယ်။ ဒီလိုအနိုင်ကျင့်နေတာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ “အနိုင်ကျင့်မခံရအောင်” ဆိုတဲ့ ပုံပြင်စာအုပ်လေးထဲမှာ လမ်းညွှန်ဖော်ပြပေးထားပါတယ်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်း ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Pages-16