အစားဂျီးများလွန်းသူလေး (New Size)

အစားဂျီးများလွန်းသူလေး (New Size)

Regular price MMK2,900 MMK0 Unit price per
Shipping calculated at checkout.
- +

မေမေတို့ရေ ...သားသားမီးမီးတွေအစားဂျီးများလို့ စိတ်ညစ်နေကြပြီလား....

တကယ်တော့ ကလေးလေးတွေက အစားတစ်ခုခုကို မစားခင်အရင်ငြင်းတတ်ကြပါတယ်။ မစားကြည့်လို့ ကောင်းမှန်းမသိတာပါ....သူတို့ကို အစားအစာကျွေးတဲ့အခါ ဘယ်အရာက အာဟာရဖြစ်စေတယ်..ဘယ်အရာကတော့ အရိုးတွေကိုသန်မာစေတယ်....ဘယ်အရာက ဉာဏ်ရည်ထက်မြက်စေတယ်ဆိုတာလေးတွေကို နားဝင်အောင် သေချာပြောပြပြီး ကျွေးပေးသင့်ပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ သားသားမီးမီးလေးတွေတင်မက မေမေတို့ပါ ဗဟုသုတရစေမယ့်အရာလေးတွေကို ထည့်သွင်းဖော်ပြပေးထားပြီး အစားဂျီးများလွန်းတဲ့ ဝက်ဝံလေး မိုမိုနဲ့ ပုံဖော်ရေးသားပေးထားပါတယ်။

စာအုပ်လေးဖတ်ပြီးချိန်မှာတော့ မိုမိုဝက်ဝံလေးလိုပဲ သားသားမီးမီးတို့လည်း အစားတွေအများကြီး စားကြမှာ အသေအချာပါပဲနော်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်းသားသားဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။