
သင့်ကလေးသူဌေးဖြစ်ဖို့
Regular price
MMK 3,500
Shipping calculated at checkout.
ခုခေတ်ကလေးတွေက မွေးရာပါဉာဏ်ရည်တအားမြင့်လာကြပါပြီ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆော့လိုက်၊စားလိုက် အိပ်လိုက်နဲ့ သမာရိုးကျဖြတ်သန်းနေမယ့်အစား ငွေကို ဘယ်လို ရှာပြီးစုဆောင်းလို့ရမလဲဆိုတဲ့ အကျင့်ကောင်းလေးကို ငယ်ငယ်တည်းက ပုံသွင်းတတ်မြောက်စေချင်တဲ့ ဖေဖေမေမေတို့အတွက် ဒီပုံပြင်စာအုပ်လေးက ကိုယ့်ကလေးကို ပေးဖို့ အကောင်းဆုံးလက်ဆောင်လေးပါပဲ။
ဒီပုံပြင်လေးကို သားသားမီးမီးလေးတွေဖတ်ပြီးတာနဲ့ စာအုပ်ထဲက True လေးကို အတုယူပြီး အားနေ ပိုက်ဆံရှာဖို့နဲ့စုဖို့ပဲကြိုးစားနေတော့မှာနော်။ ဒါ့အပြင် စာဖတ်ရင်းသားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး "သင့်ကလေးသူဌေးဖြစ်ဖို့" စာအုပ်လေးကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။