ရှုံးရမှာကြောက်သူလေး

ရှုံးရမှာကြောက်သူလေး

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

ကျွန်မတို့မိဘတွေဆိုတာက ကိုယ်ဖြစ်ချင်ခဲ့တဲ့အိပ်မက်တွေကိုတစ်ပွေ့တစ်ပိုက်ကြီး ပုံဖော်ပေးဖို့ ကျွန်မတို့ရဲ့ သားသမီးလေးတွေကိုပဲ အားကိုးနေရတာမဟုတ်လား။

ဒီတော့သူတို့လေးတွေ အမှားအယွင်းမရှိဘဲ အရာရာကို အမြဲထူးချွန်နေအောင် တွန်းအားတွေပေးပြီး ကြိုးစားခိုင်းတတ်ကြပေမယ့် တစ်ခါတလေမှာ သူတို့လေးတွေ ခြေချော်လက်ချော်ကျရှုံးမှုလေးတွေကြုံလာရင် သူများတွေနဲ့ ခိုင်းနှိုင်းပြီး အပြစ်တင်ဆူပူတတ်ကြတာဟာ အမှန်တော့ မမှန်ကန်တဲ့လုပ်ရပ်တွေပါ။

အဓိကကတော့ လူဆိုတာ ကျရှုံး ခဲ့ရင်လည်း ဘယ်လိုပြန်ကြိုးစားမလဲ၊ ဘယ်လိုပြန်ရပ်တည်မလဲဆိုတာကသာ အရေးကြီးတာမို့လို့ အရှုံးတွေနဲ့ကြုံလာခဲ့လည်း စိတ်ဓါတ်မကျသင့်တဲ့အကြောင်းကို “ရှုံးရမှာကြောက်သူလေး”ဆိုတဲ့ပုံပြင်စာအုပ်လေးထဲမှာ ပန်းနုဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်စရာကောင်းအောင် ပုံဖော်ပေးထားပါတယ်။

ဒါ့အပြင် စာဖတ်ရင်းသားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။