မိဘမစုံလည်းအားမငယ်ပါ

မိဘမစုံလည်းအားမငယ်ပါ

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေ မေမေတို့ရေ... ကျွန်မတို့နေထိုင်ရာလောကြကြီးမှာ ပြီးပြည့်စုံတဲ့လူရယ်လို့မရှိတတ်ကြပါဘူး။

လူတိုင်း မိသားသုတိုင်းလိုအပ်ချက်တစ်ခုမဟုတ်တစ်ခုတော့ ရှိတတ်ကြစမြဲပါ။ ဒီလိုပါပဲ ကလေးတွေငယ်ဘဝမှာလည်း အကြောင်းအမျိုးမျိုး ကြောင့် မိဘမပြည့်စုံတာတွေ၊ အဘိုးအဘွား၊ ဦးလေးအဒေါ် စတဲ့သူတွေနဲ့ နေထိုင်ရတာတွေရှိတတ်ကြပါတယ်။ 

ဒီလိုကလေးငယ်တွေဟာ အများအားဖြင့် တစ်ခုခုကိုစိုးရိမ်တာ အားငယ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။တကယ်တော့ မိဘ မပြည့်စုံတာ အဘိုးအဘွားတွေနဲ့နေရတာဟာ အားငယ်စရာတစ်ခုမဟုတ်ဘူးဆိုတာ ကလေးငယ်တွေသိဖို့ များစွာအရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာ မိဘတွေမစုံလင်တာကလည်း ကလေးငယ်တို့ကိုယ်တိုင်အတွက် ကိုယ့်အားကိုယ်ကိုးတတ်လာစေတာ၊ ပြဿနာတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းတတ်လာစေတာမျိုးတွေလည်း ဖြစ်တတ်ကြောင်းကို "မိဘမစုံလည်း အားမငယ်ပါ" ဆိုတဲ့ ပုံပြင်စာအုပ်လေးထဲမှာ ဖော်ပြပေးထားပါတယ်။

ဖေဖေမေမေတို့ကလည်း "မိဘမစုံလည်း အားမငယ်ပါ" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးခြင်းအားဖြင့် သားသားမီးမီးတို့တွေ စိတ်ဓာတ်ခွန်အား ရစေနိုင်သလို သူတို့လေးတွေရဲ့ပတ်ဝန်းကျင်မှာ မစုံလင်တဲ့မိသားစုတွေရှိခဲ့ရင်လည်း အားပေးကူညီတတ်စေမှာ မလွဲဧကန်ပါပဲနော်...

Customer Reviews

Based on 1 review Write a review