ပြုံးပါ

ပြုံးပါ

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

စကားပြောချိုသာဖို့ဟာ အရေးကြီးသလို လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးဖို့၊ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ဖို့အတွက် အပြုံးကလည်း အလွန်ကို အရေးကြီးပါတယ်။

ကျွန်မတို့ သားသားမီးမီးလေးတွေက အိမ်မှာတစ်ယောက်ထဲ ကစားစရာတွေနဲ့ဆော့ကစားရင်း စကားတွေဖောင်ဖွဲ့အောင်ပြောနေတတ်ပြီး အိမ်အပြင်ရောက်သွားတာနဲ့ မပြုံးမရယ်တတ်တော့တဲ့သူလို ဘယ်သူနဲ့မှလည်း စကားမပြော ဘယ်သူ့ကိုမှလည်း မပြုံးမရယ်ပြကြတာမျိုး ကြုံဖူးကြမှာပါ။

အပြင်မှာ အရယ်အပြုံးနည်းတတ်တဲ့ ကလေးက ဘယ်လိုအထီးကျန်မှုတွေကိုရင်ဆိုင်ရမလဲ။ ဒီလိုအထီးကျန်မှုတွေကိုဘယ်လို ဖြတ်သန်းမလဲ။ ပြုံးခြင်းက ဘာတွေကောင်းကျိုးရစေမလဲဆိုတာကို “ပြုံးပါ” ဆိုတဲ့ ပုံပြင်စာအုပ်လေးထဲမှာ ကလေးတို့ရဲ့အသည်းကျော် True လေးနဲ့ ပုံဖော်ပေးထားပါတယ်။

ဒါ့အပြင် စာအုပ်ဖတ်ရင်း သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။