တစ္ဆေသရဲမကြောက်တော့ပါ

တစ္ဆေသရဲမကြောက်တော့ပါ

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

ကျွန်မတို့ မိဘတွေက သားသားမီးမီးလေးတွေ ငိုလို့ ချော့မြှူလို့မရတော့တဲ့အခါမျိုးတွေမှာ ဒေဝေါကြီးလာပြီတို့ ကလေးဖမ်းကြီးလာပြီတို့ စသည်ဖြင့် ကလေးအငိုတိတ်အောင် ခြောက်လှန့်တတ်ကြပါတယ်။

တစ္ဆေ သရဲတွေနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကြောင့် ကိုယ်တိုင်မမြင်ဖူး မကြုံဖူးပေမယ့်လည်း ကြောက်ကြပါတယ်။ တကယ်တော့ တစ္ဆေ သရဲ ဆိုတာမျိုးက ကိုယ့်ကို အန္တရာယ်မပေးနိုင်ဘူးဆိုတာ သားသားမီးမီးလေးတွေသိဖို့ များစွာလိုအပ်ပါတယ်။

အဲဒီလိုကြောက်စရာတွေက ကျွန်မတို့ကလေးတွေရဲ့ မသိစိတ်ကနေ စွဲလမ်းမှုတွေဖြစ်လာပြီး အရာရာကို တွေးကာကြောက်လန့်နေတတ်ကြပါတယ်။ “တစ္ဆေ သရဲကို မကြောက်တော့ပါ” ဆိုတဲ့ ပုံပြင်စာအုပ်လေးထဲမှာ ချစ်စရာဇာတ်ကောင်လေး ဖောင်းဖောင်းရဲ့ အကြောက်တရားကို ဘယ်လိုအရာတွေက အနိုင်ယူသွားမလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အရာရာကို တွေးပြီးကြောက်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် “တစ္ဆေ သရဲကို မကြောက်တော့ပါ” ဆိုတဲ့ပုံပြင်စာအုပ်လေးကို ဖတ်ရှုခိုင်းပြီး သူတို့လေးတွေရဲ့ တွေးတောကြောက်ရွံ့မှုတွေကို အနိုင်ယူနိုင်ယူလိုက်ပါနော်။ 

ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး "တစ္ဆေသရဲမကြောက်တော့ပါ" စာအုပ်ကို  အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။