ဇွဲမလျော့သူလေး

ဇွဲမလျော့သူလေး

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

တစ်ချို့ ကလေးလေးတွေဟာ စာကျက်တာပဲဖြစ်ဖြစ် အရုပ်ဆက်တာပဲဖြစ်ဖြစ် တစ်ခုခုကို လုပ်မယ်ဆိုရင် တစ်ကြိမ် နှစ်ကြိမ် နဲ့ လုပ်ဆောင်လို့မရတဲ့အခါ လွယ်လွယ်ကူကူပဲ အရှုံးပေးတတ်ကြပါတယ်။

တစ်ခါတစ်လေဆို စာအုပ်စင်ကစာအုပ်ကို ယူတာတောင် တစ်ခုခုကြောင့် အလွယ်တကူယူလို့မရခဲ့ရင် ထပ်ကြိုးစားမကြည့်တော့ပဲ မေမေရေ လို့အော်ခေါ်ပြီး အကူအညီတောင်းတတ်ကြပါတယ်။

ဒီလိုအလွယ်တကူ လက်လျော့ခြင်းက လုံးဝမကောင်းတဲ့ အကျင့်လေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် ဇွဲရှိဖို့ကအဓိကကျပါတယ်။

“ဇွဲမလျော့သူလေး” ဆိုတဲ့ ပုံပြင်လေးထဲမှာတော့ ယုန်ကလေးတစ်ကောင်ရဲ့ မလျှော့သောဇွဲလုံ့လတွေ၊ ယုန်ကလေးရဲ့ အောင်မြင်မှုတွေကို အရောင်အသွေးစုံစုံလင်လင်နဲ့ ဖတ်ရှု့ရမှာဖြစ်ပါတယ်။ ဖေဖေမေမေတို့ရဲ့ ရင်သွေးရတနာလေးတွေ ဘယ်အရာကိုမှ အလွယ်တကူ အလျော့ပေးပဲ ဇွဲရှိစေဖို့ “ ဇွဲမလျော့သူလေး” ပုံပြင်စာအုပ်လေးကို ဖတ်ပြပေးဖို့တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး "ဇွဲမလျော့သူလေး" စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်

Pages-16