စုပေါင်းကာကွယ် ဗိုင်းရပ်စ်အန္တရာယ်

စုပေါင်းကာကွယ် ဗိုင်းရပ်စ်အန္တရာယ်

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ လတ်တလောဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် အတွက် အားလုံးအတူတူတိုက်ပွဲဝင်နေကြတဲ့ ကာလမှာ တီဗွီအစီအစဉ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ အမြဲလိုလို လက်ဆေးဖို့ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့အတွက် နှိုးဆော်ချက်တွေရှိနေပါတယ်။

လူကြီးတွေအတွက် ဒါကိုနားလည်ဖို့လွယ်ပေမယ့် ကလေးလေးတွေအတွက်ရော နားလည်ဖို့လွယ်ကူပါ့မလား။ ဘာ့ကြောင့် လက်ဆေးရတယ်၊ ဘာ့ကြောင့် အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရတယ်ဆိုတာကို ဖေဖေမေမေတို့က သားသားမီးမီးလေးတွေကို ပြောပြကြမှာကတော့ အသေအချာပါပဲ။ ဒါပေမယ့် ကလေးဆိုတဲ့အမျိုးက ပြောပြီးခဏမေ့သွားတတ်ကြပါတယ်။

ရုပ်ပုံကားချပ်လေးတွေ ပုံပြင်လေးတွေက ကလေးလေးတွေ ပိုပြီးမှတ်မိနိုင်စေဖို့ အထောက်အကူပြုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ဘယ်လိုကာကွယ်ပြီး ဘယ်လိုတိုက်ထုတ်ရမလဲဆိုတာကို “Corona Monster( စုပေါင်းကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်) စာအုပ်လေးထဲမှာ သားသားမီးမီးတို့ နားလည်လွယ်တဲ့ အချက်ကလေးတွေ၊ ချစ်စရာဇာတ်ကောင် Hero( ဟီးရိုး ) လေးတွေနဲ့ ဖော်ပြပေးထားတာမို့ စာအုပ်လေးကို ဖေဖေမေမေတို့က သားသားမီးမီးလေးတွေကိုဖတ်ပြပေးရင်း Super Hero ( စူပါဟီးရိုး) သားသားမီးမီးလေးတွေနဲ့ အတူတူ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ကြပါစို့နော်။