စဉ်းစားဆုံးဖြတ်တတ်စေဖို့

စဉ်းစားဆုံးဖြတ်တတ်စေဖို့

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

ကျွန်မတို့ မိဘတွေဆိုတာ ကိုယ့်ကလေးကကျွန်မတို့ကို အမြဲတမ်းချစ်နေစေချင်တယ်။ လိုအပ်နေစေချင်တယ်၊ အမြဲတမ်း "မေမေရေ" ဆိုပြီး မှီခိုအားကိုးတာကိုလိုချင်တယ်။ အရာရာမှာ ကိုယ်ကိုယ်တိုင်ပြုစုပေးဂရုစိုက်ပေးလိုက်ရမှ စိတ်ချရတဲ့အထိကို ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာက ကြီးမားပါတယ်။

ဒါပေမဲ့လည်း သူတို့လေးတွေက အချိန်တန်အရွယ်ရောက်ကြဦးမှာလေ။ အမြဲတမ်းမိဘကိုချည်းအားကိုးနေလို့ ကိုယ်တိုင်ဘာမှမလုပ်တတ်တော့ရင် ခက်ရချည်ရဲ့။ ဒါကြောင့်အမြဲတသက်လုံးတူတူ မရှိပေးနိုင်တဲ့ကျွန်မတို့အနေနဲ့ သူတို့ခြေထောက်ပေါ်သူတို့ ရှင်သန်တတ်အောင် သင်ကြားပေးကြရပါမယ်။

ကျွန်မတို့အကောင်းဆုံးပေးရမယ့် လက်ဆောင်ကတော့ ပြဿနာတွေဖြစ်လာရင် ဘယ်လိုစဉ်းစားပြီးကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းပါပဲ။ ဒါကြောင့် ဘာတွေပဲကြုံလာလာ အရာရာကိုကိုယ်တိုင်တွေးခေါ်ပြီး ဖြေရှင်းစေလိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီစာအုပ်လေးကို ဖြန့်ဝေလိုက်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ ရေးသားထားသောစာအုပ်လေးဖြစ်တာမို့ သားသားမီးမီးလေးတွေလည်း ဘာသာစကားတိုးတက်လာစေမှာဖြစ်ပါတယ်။