စနစ်တကျတန်းစီပါ

စနစ်တကျတန်းစီပါ

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

စနစ်တကျ ဆိုတဲ့စကားလုံးက သိပ်ကိုအရေးပါလွန်းလှပါတယ်။ ဘယ်အရာကိုမဆို စနစ်တကျလုပ်တဲ့သူနဲ့ စည်းစနစ်မရှိပဲ လုပ်တဲ့သူတွေမှာ အောင်မြင်မှုကို ရရှိတာက စနစ်တကျလုပ်တတ်တဲ့သူတွေပါ။

ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် စည်းစနစ်ရှိဖို့က အဓိကကျပါတယ်။ ငယ်စဉ်ကတည်းက စနစ်တကျ လုပ်ဆောင်တတ်မှသာ အသက်အရွယ်ကြီးလာတဲ့အခါ အောင်မြင်မှုတွေ ရရှိလာနိုင်မှာပါ။ တချို့အသေးအဖွဲလေးတွေပါလို့ ကိုယ်ထင်နေတဲ့ အရာလေးတွေက တကယ့်လက်တွေ့မှာ အလွန်ကို အရေးပါနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

“စနစ်တကျတန်းစီပါ”ဆိုတဲ့ပုံပြင် စာအုပ်လေးထဲမှာ ချစ်စရာကောင်းတဲ့ ဝက်ဝံဇာတ်ကောင်လေးက ဘယ်လိုစည်းစနစ်တွေကို ဖောက်ဖျက်ခဲ့သလဲ။ စည်းစနစ်တွေကို မလိုက်နာခဲ့တဲ့အတွက် သူဘာတွေ ဆုံးရှုံးလိုက်ရသလဲဆိုတာကို “စနစ်တကျတန်းစီပါ” စာအုပ်လေးထဲမှာ ဖော်ပြပေးထားပါတယ်။

ဒါ့အပြင် သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။

Pages-16