ငြင်းဆန်လွန်းသူလေး

ငြင်းဆန်လွန်းသူလေး

Regular price MMK3,500 MMK0 Unit price per
Shipping calculated at checkout.
- +

လိမ္မာယဉ်ကျေးတဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ကြီးပြင်းအောင်ပြုစုပျိူးထောင်ရတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရှင်းပြသင့်တန်သည်ကို ရှင်းပြ၊ ဆုံးမသင့်တန်သည်ကို ဆုံးမရပါတယ်။ တစ်ခါတလေ ကိုယ်တိုင် ကိုယ်ချင်းစာပြီး နားလည်ခံစားမိအောင် ဆုံးမပဲ့ပြင်ရတဲ့အခါတွေလည်း ရှိပါတယ်။

ဒီ "ငြင်းဆန်လွန်းသူလေး" စာအုပ်လေးမှာတော့ တစ်ပါးသူတွေကပြောတဲ့စကားကို ကိုယ်ကအမြဲတမ်း"ဘူး"ခံပြီးငြင်းတတ်တဲ့ ကလေးလေးတွေအတွက် ကိုယ်ချင်းစာနားလည်သွားအောင် ရေးသားထားပါတယ်။

ကိုယ်ကလက်မခံရင်တောင် အကျိူးသင့်အကြောင်းသင့် နားလည်အောင်ရှင်းပြပြောဆိုခြင်းက လူမှုဆက်ဆံရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်လေးဖြစ်ကြောင်း အလေးပေးဖော်ပြထားပေးထားပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ လိမ္မာကျွမ်းကျင်တဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့အတွက် ရွေးချယ်ဝယ်ယူသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့အပြင် အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ ထုတ်ထားတာကြောင့် သားသားမီးမီးလေးတွေရဲ့ ဘာသာစကားလည်းတိုးတက်လာစေမှာ ဖြစ်ပါတယ်။