ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

“ခွင့်လွှတ်ခြင်း” တဲ့ စကားလုံးလေးက သုံးလုံးပဲရှိတယ်ဆိုပေမယ့် သူ့ရဲ့အဓိပ္ပာယ်ကတော့ ပြောမကုန်အောင်များပြားလွန်းလှပါတယ်။

တစ်ခါတစ်လေမှာ မတော်တဆဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကြောင့် မိဘနဲ့သားသမီးကြား၊ ညီအစ်ကိုမောင်နှမတွေကြား၊ မိတ်ဆွေသူငယ်ချင်းတွေကြားထဲမှာ တစ်သက်လုံးမခေါ်မပြောဘဲ နေကြတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီလိုပါပဲ ကလေးလေးတွေကြားမှာလဲ တစ်ယောက်နဲ့ တစ်ယောက်နာကျင်စေဖို့ မရည်ရွယ်ပဲဖြစ်တဲ့ မတော်တဆလေးတွေရှိကြပါတယ်။ ဒီလိုမတော်တဆလေးတွေမှာ တစ်ဦးကိုတစ်ဦး တောင်းပန်လိုက်ဖို့ကအရေးကြီးပါတယ်။

မတော်တဆလေးတွေကို မတောင်းပန်ပဲနေကြရင်း လုံးဝမခေါ်မပြောပဲ နေကြမယ်ဆိုရင် ကလေးလေးတွေဟာ သူတို့ရဲ့ ပျော်ရွှင်စရာအချိန်တွေပျက်စီးကုန်ကြမှာပါ။ တစ်ဦးရဲ့မရည်ရွယ်တဲ့ အမှားကို တစ်ဦးက ခွင့်လွှတ်ပေးဖို့ကအလွန်ကိုအရေးကြီးတယ်ဆိုတဲ့ အကြောင်းကို “ ခွင့်လွှတ်ခြင်း” စာအုပ်လေးထဲမှာ မှော်ဆန်ပြီး ချစ်စရာကောင်းတဲ့ နတ်သမီးလေးတွေနဲ့သရုပ်ဖော်ပေးထားပါတယ်။

သားသားမီးမီးတွေ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။