ကြွက်သေရင်းနှီး သူဌေးဖြစ်နည်း - True's Myanmar

ကြွက်သေရင်းနှီး သူဌေးဖြစ်နည်း

Regular price MMK 3,300 MMK 0 Unit price per
Shipping calculated at checkout.
- +

ဥစ္စာပစ္စည်းရှာဖွေရာမှာ မိတ်ဆွေကောင်းရှိဖို့ လိုအပ်ပါတယ်။ မိတ်ဆွေကောင်းတွေဟာ ကိုယ့်စီးပွားရေးနယ်ပယ်ကို ပိုမိုကျယ်ပြန့်အောင် ဖန်တီးပေးနိုင်ရုံမက ကောင်းမွန်တဲ့ ဘဝကို လမ်းညွှန်ပေးနိုင်ပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာ အသေးအဖွဲကအစ ဂရုစိုက်ဖို့၊ ရရှိတဲ့အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင်အသုံးချမိစေဖို့၊ မိတ်ဆွေကောင်းထားရှိဖို့၊ ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ဖို့တွေကို ဒီစာအုပ်မှာ လမ်းညွှန်ပေးထားပါတယ်။

သားသားမီးမီးတို့အနေနဲ့ ငယ်စဉ်ဘဝတည်းက ငွေကြေးစုဆောင်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေ ရရှိရုံသာမက မိတ်ဆွေကောင်းတွေ ရရှိစေဖို့ ကျွန်မတို့ လူကြီးမိဘတွေအနေနဲ့ သင်ကြားပေးရမှာ ဖြစ်ပါတယ်။

အခုစာအုပ်ဟာ ငွေကြေးစုဆောင်းမှုနဲ့ ပတ်သက်ပြီး ကလေးတွေကို သင်ကြားပေးနိုင်မယ့်အပြင် အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့  ထုတ်လုပ်ထားသောစာအုပ်လေးဖြစ်တာမို့ သားသားမီးမီးလေးတွေ ဘာသာစကားလည်းတိုးတက်လာစေမှာ ဖြစ်ပါတယ်။