ကလေးတို့ဖုန်းကြည့်ပြီးအတုယူမမှားစေဖို့-Not everything online is for copying
Regular price
MMK 3,800
Shipping calculated at checkout.
အခုခေတ်ကလေးတွေတော်တော်များများဟာ ဖုန်းတွေ၊ အွန်လိုင်းတွေနဲ့ မစိမ်းကြတော့ပါဘူး။ ကလေးတစ်ယောက်ရဲ့ အပြုအမူအပြောအဆိုတွေဟာ သူ့ရဲ့နီးစပ်ရာ ပတ်ဝန်းကျင်နဲ့ဆိုင်တယ်လို့ ပြောကြပါတယ်။
ခုခေတ်ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ သူတို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာ တွေပါ ပါဝင်လာပြီလို့ပြောလို့ရပါတယ်။ နေ့စဉ်နှင့်အမျှ အွန်လိုင်းပေါ်မှာ သူတို့မြင်တွေ့နေတဲ့ အရာတွေကို အတုယူလာကြတယ်။ လိုက်လုပ်တတ်ကြတယ်။ ဒီလိုအနေအထားမှာ အတုမယူ သင့်တာတွေကို အတုယူမိပြီး အန္တရာယ်မဖြစ်ရအောင်၊ မပြောသင့်တဲ့စကားတွေကို မပြောဘဲ နှုတ်ကိုစောင့်ထိန်းတတ်တဲ့ ယဉ်ကျေးလိမ္မာသူလေးတွေဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပုံပြင်စာအုပ်လေးကို ရေးသားထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။
Size: 8" x 8"
Pages: 20