My Essential Posters (5 sets)

My Essential Posters (5 sets)

Regular price MMK8,500 MMK0 Unit price per
Shipping calculated at checkout.
- +
ပိုစတာတွေနဲ့ စာသင်ကြားပေးတာက ကလေးတွေ အတွက် တကယ် ရော ထိရောက်ရဲ့လား?
ခုကာလ အိမ်မှာ ကိုယ့်မေမေတို့ပဲ တော်ကြာနေ အမေဖြစ်လိုက်၊ ကိုယ့်မေမေတို့ပဲ တော်ကြာနေ ဆရာမ ဖြစ်လိုက်နဲ့ ကိုယ်ထူကိုယ်ထ သင်နေရတဲ့ဘဝမှာ မေမေတို့ရဲ့ စာသင်ကြားပေးတဲ့ Style လေးတွေလည်း ပြောင်းလာကြပြီနော်...😊


ခုဆို ပိုစတာလေးတွေပြပြပြီး သူတို့ကို မြင်နိုင်၊ ကြားနိုင် ၊ မှတ်မိနိုင်အောင် သင်ကြားပေးတဲ့ သင်ကြားမှုပုံစံလေးက ခေတ်စားနေတာ သိကြမှာပေါ့...


တကယ်တော့ အဲ့လို ပိုစတာလေးတွေနဲ့ သင်ပေးတာက သားသားမီးမီးလေးတွေအတွက် အရမ်းကောင်းတဲ့ ပညာသင်ကြားနည်းပါတဲ့။


သူတို့လေးတွေကို စာသင်ကြားတဲ့အခါ ဘာလို ပိုစတာတွေသုံးပြီး သင်ကြားသင့်တာလဲ?

• လေ့လာ‌တွေ့ရှိချက်တွေအရ လေ့လာနည်း အမ‌ျိုးမျိုးရှိတဲ့ထဲမှာမှ ၆၅ရာခိုင်နှုန်းသော လူတွေဟာ အမြင်နဲ့ လေ့လာနည်းနဲ့‌ေလ့လာတဲ့အခါ ပိုပြီး ထိရောက်ကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ပိုစတာလေးတွေပြထားပေးတာဟာ ကလေးငယ်တွေအတွက် အကောင်းဆုံး သင်ကြားနည်းတစ်ခုပါ။
• ဒါ့အပြင် အရောင်အသွေးစုံလင်တဲ့ပိုစတာတွေဟာ ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ပါ၀င်စားမှုကို တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။


• ပိုစတာတွေဟာ စာတွေအများကြီးမပါပဲ တစ်ချက်ကြည့်လိုက်တာနဲ့ နားလည်နိုင်တာကြောင့် တကူးတက သင်ကြားပေးနေစရာမလိုဘဲ ကလေးငယ်အနေနဲ့ အမြင်နဲ့တင်ပဲအလိုအလျောက် စကားလုံးလေးတွေ၊ရုပ်ပံု‌ေလး‌ေတွကိုမှတ်သားနိုင်ကြပါတယ်။ဒါ‌ေကြာင့်ဖေဖေမေမေတိုတင်မဟုတ်ဘဲ ဆရာ၊ဆရာမများပါ စာသင်ကြားတဲ့အခါ အသုံးပြုသင့်ပါတယ်။


အပိုမပြောဘူး မေမေတို့ရေ...သူတို့လေးတွေရဲ့ အာရုံအမြင်အကြား သိမှတ်နိုင်စွမ်းရည်က ပိုစတာလေးတွေ ကို ထောက်ထောက်ပြပြီး သင်ကြားပေးတဲ့အခါ သိသိသာသာကို တိုးတက်လာတဲ့ Feedback ကောင်းတွေလည်း အများကြီး ရထားတာမို့ ဒီလို ဒီလို အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ပိုစတာလေးတွေကို အိမ်က သားသားမီးမီး‌ေလး‌ေတွ၊ တပည့်လေးတွေအတွက် ၀ယ်ပြီးကပ်ထားပေးသင့်တယ်နော်။