Toddler book (ရင်သွေးပြုစုနည်းလမ်းညွှန်)

Toddler book (ရင်သွေးပြုစုနည်းလမ်းညွှန်)

Regular price MMK8,000 MMK0 Unit price per
Shipping calculated at checkout.
- +

ရင်သွေးလေးတွေရလာပြီဆိုတာနဲ့ အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်မည့် နည်းလမ်းတွေကို မိဘတိုင်းစူးစမ်းရှာဖွေ လေ်လာကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီမှာ အရေးကြီးဆုံးသတိထားရမယ့်အချက်ကတော့ ကလေးတွေကို ပြုစုပျိုးထောင်မည့် နည်းလမ်းတွေဟာ သူတို့ခေတ်နဲ့ ကိုက်ညီမယ့်နည်းလမ်းတွေဖြစ်နေဖို့ပါပဲ။ အတွေ့အကြုံမရှိသေးတဲ့ သားဦးမိခင်များ၊ ကလေးနဲ့ပတ်သက်ပြီးအနီးအနားမှာ ဆွေးနွေးတိုင်ပင်ဖော်မရှိတဲ့ မိခင်တွေအတွက် ကလေးပြုစုရာမှာ အခက်အခဲတွေရှိနေတာကိုလည်း အများကြီး မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် ဒီလိုမိခင်တွေအတွက် တစ်ထောင့် တစ်နေရာမှ အကူအညီရနိုင်စေဖို့ဆိုတဲ့ ဆန္ဒနဲ့ ကလေးပြုစုနည်းစာအုပ်လေးကို ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာတော့ ခေတ်မီကလေးပြုစုနည်းများစွာပါဝင်ပြီး ပညာရှင်များက သုတေသနပြုလုပ်ထားတဲ့ အချက်အလက်တွေကို ကျွန်တော်အနေနဲ့ လေ့လာစိစစ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ကလေးတစ်ယောက်ချင်းစီတိုင်းဟာ တူညီတဲ့ပုံစံရှိနေနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာစာအုပ်ထဲက နည်းလမ်းတွေကို အခြေခံပြီး ကိုယ့်ကလေးနဲ့ ကိုက်ညီမယ့်နည်းလမ်းတွေကို မိခင်တွေအနေနဲ့စိတ်ကြိုက်ချိန်ညှိပြီး အသုံးပြုနိုင်ပါတယ်။