Kitchen & Cooking Coloring Book

Kitchen & Cooking Coloring Book

Regular price MMK 3,500 MMK 0 Unit price per
Shipping calculated at checkout.
- +

မီးဖိုချောင်ဆိုတာ ကလေးတွေအတွက် အရောင်အသွေးစုံလင်ပြီး စိတ်ဝင်စားစရာ ဓာတ်ခွဲခန်းကြီးတစ်ခုလိုပါပဲ။ မေမေမီးဖိုချောင်ထဲဝင်ပြီဆိုရင် သားသားမီးမီးလေးတွေဟာ  မီးဖိုချောင်ထဲ လိုက်ဝင်ချင်ကြတယ်။ ဟင်းချက်ပြီဆိုရင်လည်း စိတ်ဝင်တစားလိုက်ကြည့်နေတတ်ကြပါတယ်။ ဒါဟာ မီးဖိုချောင်နဲ့ အချက်အပြုတ်ဆိုင်ရာပစ္စည်းလေးတွေက သူတို့ရဲ့ စိတ်ဝင်စားမှုကိုအပြည့်အဝရရှိထားတဲ့အရာလေးတွေဖြစ်နေလို့ပါပဲ။

ဒါကြောင့် ဒီအရာလေးတွေကနေတဆင့် သူတို့ရဲ့ စူးစမ်းလိုစိတ်လေးတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းလေးတွေကို မြှင့်တင်ပေးနိုင်ပေးနိုင်ဖို့၊ အစားအသောက်လေးတွေကို ချစ်မြတ်နိုးတတ်လာစေဖိုဆိုတဲ့ရည်ရွယ်ချက်နဲ့ သူတို့လေးတွေစိတ်ဝင်စားတဲ့ အရာလေးတွေကိုအခြေခံကာ  ဒီ Kitchen & Cooking Coloring Book လေးကို ထုတ်ဝေလိုက်ရခြင်းဖြစ်ပါတယ်။

Pages: 24

Size: 8" x 8"