
Ohgiya Japan Cheese with Camembert (48 Sticks)
Cheese ကျွေးခြင်းဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာအထောက် အကူဖြစ်စေပါတယ်။
သားသားမီးမီးလေးတွေကို အသက် ၆ လပြည့်လို့ အခြားဖြည့်စွက်စာလေးတွေကျွေးနေပီဆိုရင် Cheese ကို စတင်ကျွေးလို့ရကြပေမယ့် အများစကတော့ အသက် (၈) လ အရွယ် ဒါမှမဟုတ် (၁၀)လမှ စတင်ပြီး ကျွေးကြပါတယ် ။
ချိစ်မှာဆိုရင် အဓိကနွားနို့ကိုအခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာမို့ ကလေးတွေကို လူကြီးစားတဲ့ ချိစ်ကျွေးတာထက်စာရင် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ချိစ်ကိုကျွေးခြင်းက အန္တရာယ်လည်းကင်းပြီး ပိုမိုစိတ်ချစွာ ကျွေးနိုင်မှာဖြစ်ပါတယ်။
Cheese လေးကိုဒီတိုင်းကျွေးလို့လည်းရတဲ့အပြင် ဒီလိုပုံစံလေးတွေပြုလုပ်ပြီးလည်းကျွေးနိုင်ပါတယ်။
-ချိစ်လေးတွေကို ဘေဘီလေးတွေအတွက် ဖြည့်စွက်စာကျွေးတဲ့အခါမျိုးမှာဆိုရင် ထည့်ပြီးကျွေးလို့ရပါတယ်။ဥပမာ (ဝါစိမ်းနီ)အစုံချက်ကျွေးတဲ့အခါ ၊pasta ချက်ကျွေးတဲ့အခါ ၊ခေါက်ဆွဲချက်ကျွေးတဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ်။
ဒါ့အပြင် အချောင်းရှည်တဲ့cheese မျိုးဆိုရင်တော့ ကိုင်စားရအဆင်ပြေစေပြီး သွားပေါက်ဖို့ အတွက် သွားယားကိုက်အနေနဲ့လည်းအသုံးပြုလို့ရပါသေးတယ်
ကျန်းမာရေးကောအာဟာရအတွက်ပါရရှိမဲ့အကျိုးကျေးဇူးတွေက..?
- Cheese မွာ Calcium, Protein, Vitamins နဲ့ Antioxidants တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတခုလည်း ဖြစ်တာမို့ ကလေးလေးတွေရဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကောင်းစွာ အထောက်အကူပေးပေးတဲ့အပြင် Calcium တွေများစွာပါဝင်တာကြောင့် အရိုးအဆစ်တွေကိုသန်မာကြံ့ခိုင်စေပြီး သွားကျန်းမာရေးအတွက်လည်းအထောက်အကူပြုပေးပါတယ်။ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပီး ကူးစက်တတ်တဲ့ရောဂါများကနေလည်း ကာကွယ်ပေးပါတယ်...
နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေကတော့ အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ ကျွေးသင့်ပါတယ်။