Biogesic For Kids Orange Flavour (250mg/5ml)

Biogesic For Kids Orange Flavour (250mg/5ml)

Regular price MMK7,800 MMK0 Unit price per
Shipping calculated at checkout.
- +

၆ နှစ်ကနေ ၁၂ နှစ်အရွယ်သားသားမီးမီးလေးအတွက်ဆိုရင်တော့ ပါရာစီတမောလ် ၂၅၀ မီလီဂရမ်ပါဝင်တဲ့ လိမ္မော်အရသာ Biogesic Kids ဆေးရည်လေးကို အိမ်မှာဆောင်ထားလို့ရပါတယ်

၆ နှစ်မှ ၁၂နှစ် - ၅ မှ ၇.၅ မီလီလီတာ ( လက်ဘက်ရည်ဇွန်း ၁ ဇွန်းမှ ၁ဇွန်းခွဲ) ကို တစ်နေ့လျှင် ၃ကြိမ် မှ ၄ ကြိမ် (သို့မဟုတ်) ဆရာဝန် ညွှန်ကြားချက်အတိုင်း တိုက်ကျွေးပေးနိုင်ပါတယ်ရှင်

ပါရာစီတမောဆေးအခဲတွေကို ခြမ်းပြီးစိတ်ပြီးတိုက်တာထက် ဘိုင်အိုဂျက်ဆစ် ၂၅၀ မီလီဂရမ်ဆေးရည်လေးကို တိုက်ပေးခြင်းဖြင့် လိုအပ်တဲ့ဆေးပမာဏကို တိတိကျကျရစေမှာပါ 

(250mg/5ml) အတွက် ဆေးသောက်ရန်အညွှန်း

(၁) နှစ်မှ (၂) နှစ် --------- 2.5ml ( လက်ဘက်ရည်ဇွန်းတဝက်)
(၃) နှစ်မှ (၆) နှစ် ---------2.5ml မှ 5ml ထိ( လက်ဘက်ရည်ဇွန်း တဝက် မှ ၁ ဇွန်း)

(၇) နှစ်မှ (၁၂) နှစ် ---------5ml မှ 7.5ml ထိ ( လက်ဘက်ရည်ဇွန်း ၁ ဇွန်းမှ ၁ ဇွန်းခွဲ) တိုက်ကျွေးနိုင်ပါသည်။

ဆေးမသောက်မီဆေးဘူးကို သေချာစွာလှုပ်ပါ။ ဆေးသောက်ပြီးရေသောက်ပေးပါ။

၂၄ နာရီအတွင်း (၅)ကြိမ်ထက်ပိုမသောက်သုံးရပါ။
ဆရာဝန်မညွှန်ကြားဘဲ (၅)ရက်ထက်ပိုပြီးမသောက်ရပါ။