အိမ်အလုပ်တွေဝိုင်းလို့ကူ (New Size)

အိမ်အလုပ်တွေဝိုင်းလို့ကူ (New Size)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ ကျွန်မတို့ မိဘတွေဆိုတာက ကိုယ့်သားသမီးလေးတွေကို ချစ်လို့ဆိုပြီး အရာရာကို လိုက်လုပ်ပေးနေခဲ့ရင် သားသားမီးမီးလေးတွေက ဘယ်အရာမဆို သူတို့ကိုယ်တိုင်လုပ်တတ်မှာမဟုတ်တော့ပါဘူး။ မိဘအားကိုပြီး ကြီးပြင်းခဲ့ရင် အရွယ်ရောက်တဲ့အခါ ဘာကိုမှ သေချာမလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်တဲ့အခါ မိဘတွေရဲ့ချစ်ခြင်းဟာ ကလေးကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်သလို ဖြစ်သွားမှာပါ။

ဒါကြောင့် သူတို့လေးတွေနိုင်တဲ့ဝန်ကို ငယ်စဉ်ကတည်းက လုပ်ခိုင်းမှသာ ကြီးပြင်းလာတဲ့အခါ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့၊ ကိုယ်ရောက်တဲ့နေရာမှာ အဆင်ပြေအောင် နေထိုင်တတ်တဲ့သူလေးတွေ ဖြစ်လာစေမှာပါ။ “အိမ်အလုပ်တွေ ဝိုင်းလို့ကူ”ဆိုတဲ့ ပုံပြင်စာအုပ်လေးကို ဖတ်ပြရင်း သားသားမီးမီးလေးတွေ သူတို့လုပ်နိုင်တဲ့ အိမ်အလုပ်ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်စေဖို့နဲ့ မိဘကိုကူညီတတ်တဲ့ လိမ္မာတဲ့သားသားမီးမီးလေးတွေ ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။

ဒါ့အပြင် စာဖတ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် စာဖတ်ရင်း ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ True Learning မှ ထုတ်ဝေလိုက်ပါတယ်။