မထားသင့်တဲ့မာန (The Arragant Bunny's Lesson)

မထားသင့်တဲ့မာန (The Arragant Bunny's Lesson)

Regular price MMK 3,800 MMK 0 Unit price per
Shipping calculated at checkout.
- +

ဖေဖေမေမေတို့ရေ မိမိပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာ၊ ရာထူးစည်းစိမ်၊  လှပကျော်ဇောခြင်း၊ ပညာတတ်မြောက်ခြင်းစတဲ့ အမျိုးမျိုးသော အောင်မြင်ကျော်ကြားမှုတွေကြောင့် မာနဂုဏ်မောက်နေကြတာမျိုးကို ကျွန်မတို့ပတ်ဝန်းကျင်မှာ တော်တော်များများတွေ့ကြ၊ မြင်ကြဖူးကြမှာပါ။ တလွဲမာနတွေကြောင့် နောက်ဆုံးမှာ ပျက်စီးခြင်းကိုရောက်သွားရတဲ့ သာဓကတွေလည်း အများအပြားကြားဖူးကြမှာပါ။

ကျွန်မတို့ရဲ့ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးရတနာလေးတွေကို မထားသင့်တဲ့ မာနတရားမထားကြဖို့ သွန်သင်ဆုံးမပေးရမှာကလည်း မိဘတို့ရဲ့တာဝန်၀တ္တရားတစ်ရပ်ပဲဖြစ်ပါတယ်။ “မထားသင့်တဲ့မာန” ပုံပြင်စာအုပ်လေးထဲမှာတော့ မထားသင့်မာနကိုထားခဲ့မိလို့ အသက်အန္တရာယ်ထိခိုင်နိုင်တဲ့အထိ ဖြစ်သွားရတဲ့ ယုန်လေးတစ်ကောင်အကြောင်းကို ရေးသားထားပါတယ်။

ဒီပုံပြင်စာအုပ်လေးကို ဖေဖေမေမေတို့က ဖတ်ပြရင်း သားသားမီးမီးလေးတွေကို နောင်တချိန် ကြီးပြင်းလာတဲ့အခါ တလွဲမာနတရားမရှိသူလေးဖြစ်လာစေဖို့နဲ့ လိမ္မာတဲ့လူတော်လူကောင်းလေးတွေဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

Pages - 16

Customer Reviews

Based on 1 review Write a review